မန်ယူအသင်းသည် အသင်း၏ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် အဲဗာတန်နောက်ခံကစားသမား ဘရန့်ဝိတ်ကို ကမ်းလှမ်းရန်စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။
အသက် (၂၁)နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံကစားသမား ဘရန့်ဝိတ်သည် ယခုရာသီတွင် နာမည်ရလာသူဖြစ်ပြီး ဥရောပထိပ်တန်းအသင်းကြီးများ၏စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်သည်။
မန်ယူအသင်းသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည့် ဗာရန်း၏နေရာတွင် အစားထိုးရန် ဘရန့်ဝိတ်ကို စိတ်ဝင်စားနေခြင်းဖြစ်သည်။
မန်ယူအသင်းသည် ၎င်းကို ပေါင် (၅၅)သန်းဖြင့် ကမ်းလှမ်းရန်စီစဉ်နေကြောင်း သိရှိရသည်။