■ စပါးနှင့်ပွဲတွင် တိုက်စစ်မှူး ဟာလန်း ပါဝင်နိုင်မည်မဟုတ်ဟု ဂွါဒီယိုလာ အတည်ပြု     

■ စပါးနှင့်ပွဲတွင် တိုက်စစ်မှူး ဟာလန်း ပါဝင်နိုင်မည်မဟုတ်ဟု ဂွါဒီယိုလာ အတည်ပြု     
Photo: Getty Images
Photo: Getty Images
Published 26 January 2024

မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာက နော်ဝေတိုက်စစ်မှူး ဟာလန်းသည် အသင်းနှင့်အတူ လေ့ကျင့်မှု ပြုလုပ်နေပြီဖြစ်သော်လည်း စပါးနှင့်ပွဲတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

    

ဟာလန်းသည် ခြေထောက်ဒဏ်ရာကြောင့် ဒီဇင်ဘာလဆန်းပိုင်းကတည်းက အနားယူနေရခြင်းဖြစ်ပြီး လက်ရှိအချိန်၌ မန်စီးတီးအသင်းနှင့်အတူ လေ့ကျင့်မှုပြုလုပ်နေပြီ ဖြစ်သည်။ 

မန်စီးတီးအသင်းသည် ယခုလအတွင်း ဒူဘိုင်းသို့ သွားရောက်၍ လေ့ကျင့်မှုပြုလုပ်ရာတွင် ဟာလန်းလည်း ပါဝင်ခဲ့သည့်အတွက် ပြန်လည်ကစားနိုင်တော့မည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့သော်လည်း ဂွါဒီယိုလာက ကစားနိုင်ဦးမည်မဟုတ်ကြောင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။ 

"သူ ပြန်ကစားနိုင်ဖို့ နီးစပ်နေပါပြီ။ ဒါပေမဲ့ စပါးနဲ့ပွဲအတွက်တော့ အဆင်သင့်မဖြစ်သေးပါဘူး။ သူ လေ့ကျင့်မှု လုပ်နေပြီဆိုပေမဲ့ ပွဲကစားနိုင်ဖို့ လုံလောက်တဲ့ အခြေအနေ မရှိသေးပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ"ဟု ဂွါဒီယိုလာက ပြောကြားခဲ့ သည်။

ဂွါဒီယိုလာသည် အသင်းအပေါ် ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု စွပ်စွဲချက်နှင့် ပတ်သက်၍ UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်၏ ပြောကြားမှုကိုလည်း လေးစားမှုရှိရန် တုံ့ပြန်ခဲ့သည်။ ဂွါဒီယိုလာက မိမိတို့တွင်လည်း ကာကွယ်ရန် အခွင့်အရေးအပြည့်အဝရှိသည်ဟု ဆိုခဲ့သည်။ 

Most Read

Most Recent