■ အီတလီဘောလုံးလောကအတွင်း လူမျိုးရေးခွဲခြားမှုများအား တိုက်ဖျက်ရန်အတွက် အီတလီအစိုးရနှင့် အီတလီဘောလုံးအဖွဲ့ချုပ် ဆွေးနွေးမှုပြုလုပ်

■ အီတလီဘောလုံးလောကအတွင်း လူမျိုးရေးခွဲခြားမှုများအား တိုက်ဖျက်ရန်အတွက် အီတလီအစိုးရနှင့် အီတလီဘောလုံးအဖွဲ့ချုပ် ဆွေးနွေးမှုပြုလုပ်
Photo: Getty Images
Photo: Getty Images
Published 26 January 2024

အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)သည် အီတလီ ဘောလုံးလောကအတွင်း လူမျိုးရေးခွဲခြားမှုများအား တိုက်ဖျက်ရန်အတွက် အီတလီအစိုးရနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

    

အူဒီးနီးစ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် အေစီမီလန်ဂိုးသမား မီနွန် လူမျိုးရေးခွဲခြားခံခဲ့ရသည့်ဖြစ်စဉ်မှာ ဘောလုံးလောကအတွင်း လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည့်အတွက် အီတလီဘောလုံးအဖွဲ့ချုပ်က အစိုးရနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

မီနွန်သည် အူဒီးနီးစ်ပရိသတ်အချို့၏ လူမျိုးရေးခွဲခြား လှောင်ပြောင်မှုကြောင့် အေစီမီလန်အသင်းဖော်များနှင့်အတူ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ပြီး တာဝန်ရှိသူများ၏ ဖျန်ဖြေပေးမှုကြောင့်သာ အဆိုပါပွဲကို ပြန်လည်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ 

၎င်းက အဆိုပါပွဲတွင် ပြိုင်ဘက်ပရိသတ်များက မျောက်အော်သည်အသံဖြင့် လှောင်ပြောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။ 

အူဒီးနီးအသင်းသည် အဆိုပါဖြစ်ရပ်ကြောင့် မီနွန်အား လူမျိုးရေးခွဲခြားခဲ့သည့် ပရိသတ်များအား စုံစမ်းဖော်ထုတ်မှုပြုလုပ်လျက်ရှိပြီး ပထမဆုံးဖော်ထုတ်နိုင်ခဲ့သည့် ပရိသတ်ကို ကွင်းအတွင်းလာရောက်ကြည့်ရှုခွင့်ရာ သက်ပန်ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။ 

အီတလီဘောလုံးအဖွဲ့ချုပ်ကလည်း အူဒီးနီးစ်အသင်းကို စီးရီးအေပွဲစဉ်တစ်ပွဲအား ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကစားရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

    

ယခုအခါ အီတလီဘောလုံးအဖွဲ့ချုပ်သည် လူမျိုးရေးခွဲ ခြားမှုဖြစ်စဉ်များ ထပ်မံပေါ်ပေါက်ခဲ့ပါက ပိုမိုပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် အီတလီအစိုးရနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက လူမျိုးရေးခွဲခြားမှု ပြုလုပ်သည့်ကလပ်အသင်းအား (၀-၃)ဂိုးဖြင့် အရှုံးပေးရမည့် ပြစ်ဒဏ် ချမှတ်သွားရန် တောင်းဆိုထားကြောင်းလည်း သိရသည်။ 

Most Read

Most Recent