ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားခွင့်ရရန်အတွက် ဆောင်ရွက်ပေးရန် ၎င်း၏အကြံပေးအဖွဲ့ကို ဂရင်းဝုဒ် တောင်းဆိုထားကြောင်း သတင်းထွက်

ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားခွင့်ရရန်အတွက် ဆောင်ရွက်ပေးရန် ၎င်း၏အကြံပေးအဖွဲ့ကို ဂရင်းဝုဒ် တောင်းဆိုထားကြောင်း သတင်းထွက်
Photo: Getty Images
Photo: Getty Images
Published 25 January 2024

ဂီတာဖေးအသင်းတွင် တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေသည့် မန်ယူတိုက်စစ်ကစားသမား ဂရင်းဝုဒ်သည် ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ကစားခွင့်ရရန်အတွက် ဆောင်ရွက်ပေးရန် ၎င်း၏အကြံပေးအဖွဲ့ကို တောင်းဆိုထားကြောင်း သတင်းထွက်ပေါ်နေသည်။

အသက် (၂၂) နှစ်အရွယ်ရှိ် အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်သည် မုဒိမ်းမှုဖြင့် တရားရင်ဆိုင်ရပြီးနောက် မန်ယူအသင်းတွင် ပြန်လည်ကစားခွင့်မရတော့ဘဲ ပြီးခဲ့သည့်နွေရာသီတွင် ဂီတာဖေးအသင်းထံသို့ တစ်ရာသီအငှားချခံခဲ့ရခြင်းဖြစ်သည်။

ဂရင်းဝုဒ်သည် ယခုရာသီတွင် ဂီတာဖေးအတွက် ခြေစွမ်း ပြနေပြီး ပြိုင်ပွဲစုံ (၁၉) ပွဲတွင် (၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ထားသည်။

ထို့ကြောင့် ၎င်းကိုခေါ်ယူရန် စပိန်ထိပ်သီးအသင်းများဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်းသည် ဂရင်းဝုဒ်အား ခေါ်ယူရန် ပြီးခဲ့သည့်ဒီဇင်ဘာလကတည်းက စိတ်ဝင်စားနေခြင်း ဖြစ်သည်။

ယခုအခါ The Sun ၏ ဖော်ပြချက်အရ ဂရင်းဝုဒ်က ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန်မှာ ၎င်း၏အိပ်မက်ဖြစ်ပြီး ယင်းအိပ်မက်ဖြစ်မြောက်လာအောင် ကူညီပေးရန် ၎င်း၏အကြံပေးအဖွဲ့ကို တောင်းဆိုထားကြောင်း သိရသည်။

Most Read

Most Recent