၂၀၂၄ အော်စကာဆုပေးပွဲ ဆန်ခါတင်စာရင်းတွင် Oppenheimer က အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆု ၁၃ ဆု လျာထားခံရ

၂၀၂၄ အော်စကာဆုပေးပွဲ ဆန်ခါတင်စာရင်းတွင် Oppenheimer က အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆု ၁၃ ဆု လျာထားခံရ
Published 24 January 2024

ပြီးခဲ့သည့် ၁၂ လအတွင်း အကောင်းဆုံး ရုံတင်ဇာတ်ကားများနှင့် သရုပ်ဆောင်များကို ရွေးချယ်ဂုဏ်ပြုမည့် ယခုနှစ်အော်စကာဆုပေးပွဲအတွက် ဆန်ခါတင်စာရင်း ဇန်နဝါရီ ၂၃ ရက်က ထွက်လာခဲ့ရာ ဒါရိုက်တာခရစ္စတို ဖာနိုလန် ရိုက်ကူးသည့် Oppenheimer ဇာတ်ကားက ဆု ၁၃ ဆုဖြင့် ရှေ့ဆုံးမှဦးဆောင်နေသည်။

နျူကလီးယားဗုံးတီထွင်သူ ဂျေရောဘတ်  အော့ပန်ဟိုင်မာအကြောင်း ရိုက်ထားသည့် ယင်းဇာတ်ကားက ရှေ့ဆုပေးပွဲများ၏ရလာဒ်အရ ယခုနှစ်အကောင်းဆုံးဇာတ်ကားဆု ရနိုင်ခြေအများဆုံးဇာတ်ကားဖြစ်ပြီး အကောင်းဆုံး ဒါရိုက်တာဆု ၊ ဇာတ်ဆောင်မင်းသားဆု၊ဇာတ်ပို့မင်းသားနှင့်မင်းသမီးဆု၊ မှီှငြမ်းဇာတ်ညွှန်းဆု၊ ဝတ်စုံဒီဇိုင်းဆု၊ မိတ်ကပ်နှင့်ဆံပင်အပြင်  အဆင်ဆု၊ အသံဆု၊ ရုပ်ရှင်တည်းဖြတ်ဆုများ အပါအဝင် ဆုအများဆုံးလျာထားခံရသည့်  ဇာတ်ကားဖြစ်သည်။

အမ်မာစတုန်း၏ Poor Things ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု၊ ဇာတ်ဆောင်မင်းသမီးဆု၊ ဇာတ်ပို့မင်းသားဆု၊ ဒါရိုက်တာဆု၊ မူရင်းတေးသွားဆု၊ ဝတ်စုံဒီဇိုင်းဆု၊ မိတ်ကပ်နှင့်ဆံပင်အပြင်အဆင်ဆု၊ ရုပ် ရှင်တည်းဖြတ်ဆုအပါအဝင် ဆု ၁၁ ဆု လျာထားခံရသည်။

အကောင်းဆုံးဇာတ်ကားဆုအတွက် ဆန်ခါတင်စာရင်းတွင် ပြင်သစ်ဇာတ်ကား Anatomy of a Fall ၊ ရုံတင်စဉ်ကဝက်ဝက်ကွဲ အောင်မြင်ခဲ့သည့် Barbie ၊ လီယိုနာဒိုပါဝင်သည့် Killer of the Flower Moon  ဇာတ် ကားတို့လည်း ပါဝင်သည်။သို့သော်လီယိုနာဒိုက ဇာတ်ဆောင်မင်းသားဆုအတွက် ဆန်ခါတင်မပါခဲ့ဘဲ တွဲဖက်မင်းသမီး လီလီဂလက်စတုန်းက ဇာတ်ဆောင်မင်းသမီးဆုအတွက် ဆန်ခါတင်ပါသွားသည်။

Barbie က ဇာတ်ပို့မင်းသမီးဆုအပါအဝင် ဆုရှစ်ဆုလျာထား ခံရသည်။သို့သော် ဇာတ်ပို့မင်းသားဆု အလျာခံရသည့် ရိုင်ယန်ဂေါ့စလင်းက ခေါင်းဆောင်မင်းသမီးမား ဂေါ့ရော့ဘီနှင့် ဒါရိုက်တာဂရတ်တာဂါးဝစ်တို့ ဆန်ခါတင်စာရင်းတွင် မပါသည့်အပေါ် စိတ်ပျက်လျက်ရှိကာ သူတို့နှစ်ဦးမပါလျှင် Barbie ဇာတ်ကားလည်း ရှိလာမည်မဟုတ်ဟု မှတ်ချက်ပေးခဲ့သည်။ အကောင်းဆုံးနိုင်ငံခြား ဇာတ်ကားဆုအတွက်မူ Perfect Days၊ Zone of Interest နှင့် Society of the Show တို့ ဆန်ခါတင်အရွေးခံထားရသည်။

Most Read

Most Recent