ဘိုနီဖေ့စ်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးသုံးစွဲရန် ဝက်စ်ဟမ်းအသင့်ရှိ

ဘိုနီဖေ့စ်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးသုံးစွဲရန် ဝက်စ်ဟမ်းအသင့်ရှိ
Photo: Getty Images
Photo: Getty Images
Published 22 January 2024

ဝက်စ်ဟမ်းအသင်းသည် လေဗာကူဆင်အသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး ဘိုနီဖေ့စ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေးဖြင့် ခေါ်ယူရန် အသင့်ရှိနေကြောင်း သိရသည်။

လေဗာကူဆင်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် ဘိုနီဖေ့စ်(၂၃ နှစ်)သည် လက်ရှိရာသီ၌ လေဗာကူဆင်အသင်းတွင် အကောင်းဆုံးခြေစွမ်းပြနေသည့်အတွက် ချယ်လ်ဆီး နှင့် နယူးကာဆယ်အသင်းတို့ကလည်း ခေါ်ယူရန် စောင့်ကြည့်နေကြသည်။

ထို့ကြောင့် ဝက်စ်ဟမ်းအသင်းက ပြိုင်ဘက်များထက် လက်ဦးမှုရယူနိုင်ရန်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးသုံးစွဲရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဝက်စ်ဟမ်းအသင်း၏ သမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံးခေါ်ယူမှုမှာ ဟယ်လာကို ယူရိုသန်း(၅၀)ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent