အာဖရိကနိုင်ငံများဖလား နှင့် အာရှဖလား ပွဲကြိုသုံးသပ်ချက်

အာဖရိကနိုင်ငံများဖလား နှင့် အာရှဖလား ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 22 January 2024

E.ဂီနီ နှင့် အိုင်ဗရီကို့စ် (မြန်မာစံတော်ချိန် တနင်္လာည ၁၁း၃၀ နာရီ)

အုပ်စုဒုတိယပွဲ ရလဒ်အပေါ်မှာ မူတည်နေပေမဲ့ အိုင်ဗရီကို့စ်အသင်း ပရိသတ်ရှေ့မှာတော့ ပွဲတိုင်းကို အာရုံစိုက်ပြီး ဖိဖိစီးစီး ကစားလိမ့်မယ်။ အခုပွဲလည်း အိုင်ဗရီကို့စ် ဂိုးပြတ်နိုင်ဦးမယ်ထင်တယ်။

ဂီနီဘစ်ဆော နှင့် နိုင်ဂျီးရီးယား (မြန်မာစံတော်ချိန် တနင်္လာည ၁၁း၃၀ နာရီ)

ကစားသမားကောင်းတွေရှိပေမဲ့ ဒေသတွင်းပြိုင်ပွဲဆိုရင် နိုင်ဂျီးရီးယားအသင်းရဲ့ခြေစွမ်းကို မှန်းဆရတာ အတော်ခက်ခဲပါတယ်။ နှစ်သင်းအကြား ကွာဟချက်ကြီးမားလို့ နိုင်ဂျီးရီးယား ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။

မိုဇမ်ဘစ် နှင့် ဂါနာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ဂါနာအသင်းမှာ နာမည်ကြီးကစားသမားတချို့ ပါဝင်နေပေမဲ့ အလုပ်မဖြစ်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ ဒီပွဲတော့ ဂါနာ အနိုင်ကစားမယ်ထင်တယ်။

ကိတ်ဗာဒီ နှင့် အီဂျစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ကိတ်ဗာဒီအသင်းက ဂါနာလိုအသင်းကိုတောင် အနိုင်ကစားထားလို့ လျှော့တွက်လို့တော့ မရဘူး။ အီဂျစ်ကလည်း ဘယ်လိုပဲဖြစ်ဖြစ် အမှတ်လိုနေဦးမှာကို သတိပြုရမယ်။ အီဂျစ်ပဲ နိုင်မှာပါ။

-----------------------------------

တာဂျစ်ကစ္စတန် နှင့် လက်ဘနွန် (မြန်မာစံတော်ချိန် တနင်္လာည ၉း၃၀ နာရီ)

အနိုင်ရတဲ့အသင်းသာ အခွင့်အရေးရှိမှာဖြစ်ပြီး သရေကျရင်တော့ နှစ်သင်းစလုံး အုပ်စုအဆင့်က လှည့်ပြန်ရဖို့များတယ်။ လက်ဘနွန် အမှတ်ရလိမ့်မယ်။

ကာတာ နှင့် တရုတ် (မြန်မာစံတော်ချိန် တနင်္လာည ၉း၃၀ နာရီ)

အိမ်ရှင်နဲ့ လက်ရှိချန်ပီယံ ကာတာအသင်းက အုပ်စုပထမနေရာပါ သေချာပြီးသားဖြစ်နေလို့ တရုတ်ကို လက်တွဲခေါ်မလား စောင့်ကြည့်ရမယ်။ သေချာတာကတော့ ကာတာရဲ့အဓိကကစားသမားတွေကို အနားပေးသွားလိမ့်မယ်။ တရုတ်နဲ့ စွန့်စားတာပိုကောင်းမယ်။

Most Read

Most Recent