ရိန်းတို့ဇနီးမောင်နှံကို အိမ်တိုင်ရာရောက် လိုက်လံနှောင့်ယှက်ခဲ့သည့် အမျိုးသမီးတစ်ဦး ထောင်ခြောက်လကျ

ရိန်းတို့ဇနီးမောင်နှံကို အိမ်တိုင်ရာရောက် လိုက်လံနှောင့်ယှက်ခဲ့သည့် အမျိုးသမီးတစ်ဦး ထောင်ခြောက်လကျ
Published 11 January 2024

တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းအနုပညာရှင်စုံတွဲဖြစ်သည့် ရိန်းနှင့်ဇနီးကင်ထယ်ဟီးတို့ကို အိမ်အထိ လိုက်လံအနှောင့်အယှက်ပေးခဲ့သည့် အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးအား ဇန်နဝါရီ ၁၀ ရက်တွင် ဆိုးလ်အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်ခြောက်လကျခံရန်နှင့် သူနှင့်သက်ဆိုင်သည့် နာရီ ၄၀ ကြာကုသရေးအစီအစဉ်တစ်ခုကို  တက်ရောက်ရန် အမိန့်ချမှတ်လိုက်သည်။

ပထမဆုံးအကြိမ် ပြစ်မှုကျူးလွန်သူဖြစ်ပြီး တစ်ဖက်လူကို ကိုယ်ထိလက်ရောက်အန္တ ရာယ်ပေးခြင်းမရှိခဲ့သော်လည်း အကြိမ်ကြိမ် နှောင့်ယှက်ခဲ့သည့်အတွက် ယခုအပြစ်ဒဏ်  ချမှတ်ခံရခြင်းဖြစ်သည်။၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာကကြားနာမှုတွင် တရားလိုဘက်က ထောင်တစ်နှစ်အထိချရန် တောင်းဆိုခဲ့သည်။

တရားရုံးဘက်ကမူ ကျူးလွန်သူအမျိုးသမီးက စိတ်ဝေဒနာသည်ဖြစ်နေပြီး မိသားစု အထောက်အပံ့လည်းမရှိ ၊ နေရပ်လည်းသေချာမသိရသည့်အတွက် နောက်ထပ်ပြစ်မှုများ  မကျူးလွန်နိုင်အောင် အကျဉ်းကျနေစဉ် ကုသရေးနှင့်ပညာပေးရေးကိုပါ ထည့်စဉ်းစားပေးခဲ့သည်။

၎င်းအမျိုးသမီးသည် ဆိုးလ်မြို့၊ယုံဆန်ဂူရှိ ရိန်းနှင့်ကင်ထယ်ဟီးတို့ နေအိမ်သို့ ၂၀၂၂ ခုနှစ် ၊မတ်မှ အောက်တိုဘာအတွင်း ၁၄ ကြိမ် ရောက်လာခဲ့ပြီး လူခေါ်ခေါင်းလောင်းကို အ ကြိမ်ကြိမ်နှိပ်ခဲ့သည်။ထိုလုပ်ရပ်အတွက် သတိပေးခံရသည့်တိုင် သူသည် နောက်တစ် နှစ် ဖေဖော်ဝါရီ ၂၇ ရက်နှင့် ဧပြီ ၇ ရက်တွင် ရိန်းတို့အိမ်သို့  ထပ်ရောက်လာခဲ့သည်။

တောင်ကိုရီးယားတွင် အနုပညာရှင်များအား အရူးအမူးစွဲလမ်းသူအချို့က ချောင်း မြောင်းလိုက်နှောင့်ယှက်သည့် ဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိသည်။အထူးသဖြင့် ကေပေါ့ ဆယ်လီများနှင့် နာမည်ကျော်သရုပ်ဆောင်များအား ပစ်မှတ်ထားတတ်ကြသည်။

၂၀၂၁ ခုနှစ်ကလည်း  အီထယ်ဝန်ရှိရိန်းတို့ နေအိမ်အပြင်ဘက်တွင် အမျိုးသမီးတစ်ဦး လူခေါ်ခေါင်းလောင်းကို မပြတ်နှိပ်ပြီး အော်ဟစ်နေသဖြင့်  ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်ရသည်။

ထိုသို့ချောင်းမြောင်းနှောင့်ယှက်မှုများ နှင့် ကြုံပြီးနောက် အီထယ်ဝန်ရှိနေအိမ်ကို ရိန်းတို့ကရောင်းပစ်လိုက်သည်။အိမ်က လူကုံထံရပ်ကွက်အတွင်းတည်ရှိပြီး ဟန်မြစ်နှင့်  နမ်ဆန်မြစ်ရှုခင်းကို မျက်စိပသာဒဖြစ်ဖွယ်ခံစားရမည့်နေရာကောင်းဖြစ်သည်။ထိုအိမ် ကို MBC ရုပ်သံ၏ Point of Omniscient interfere အစီအစဉ်တွင် ရိန်းတို့စုံတွဲက ထည့်ရိုက်ကူးခွင့်ပြုခဲ့သည်။

Most Read

Most Recent