၂၀၂၄ ရွှေကမ္ဘာလုံးဆုပေးပွဲတွင် Oppenheinmer က အကောင်းဆုံးဒရာမာဇာတ်ကားဆုအပါအဝင် ဆုငါးဆုဆွတ်ခူး

၂၀၂၄ ရွှေကမ္ဘာလုံးဆုပေးပွဲတွင် Oppenheinmer က အကောင်းဆုံးဒရာမာဇာတ်ကားဆုအပါအဝင် ဆုငါးဆုဆွတ်ခူး
Photo: Empire
Photo: Empire
Published 9 January 2024

ဇန်နဝါရီ ၇ ရက်က အမေရိကန်ပြည်ထောင်စုတွင်ကျင်းပသည့် ၈၁ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ဒါရိုက်တာခရစ္စတို ဖာနိုလန် ရိုက်ကူးသည့် Oppenheinmer ဇာတ်ကားက အကောင်းဆုံးဒရာမာဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆုအပါအဝင် ဆုငါးဆု သိမ်းပိုက်ယူသွားသည်။

နျူကလီးယားဗုံးတီထွင်သူ ဂျေရောဘတ်  အော့ပန်ဟိုင်မာအကြောင်း ရိုက်ထားသည့် ဇာတ်ကားဖြစ်ပြီး အဓိကသရုပ်ဆောင် ခီလီယန်မာဖီက အကောင်းဆုံးဒရာမာဇာတ်ဆောင် မင်းသားဆုလည်းရခဲ့ကာ အကောင်း ဆုံးဇာတ်ပို့မင်းသားဆု၊ တေးသွားဆုတို့ကိုလည်း Oppenheinmer မှပင်ဆွတ်ခူးခဲ့သည်။ အကောင်းဆုံး ဒရာမာဇာတ်ဆောင်မင်းသမီးဆုက လီယိုနာဒိုပါဝင်သည့် Killers of the flower moon ဇာတ်ကားထဲမှ မင်းသမီးလီလီ ဂလက်စတုန်းကို ပေးအပ်လိုက်သည်။

ဇာတ်မြူးရွေးချယ်မှုတွင် အမ်မာစတုန်း ပါဝင်သည့် Poor Things ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆုရခဲ့ပြီး အမ်မာစတုန်းက ဇာတ်ဆောင်မင်းသမီးဆုရသည်။ ခင်ပွန်းသည်ကိုသတ်မှုဖြင့် စွပ်စွဲခံရသူ စာရေးဆရာမတစ်ဦးအကြောင်း ရိုက်ကူးထားသည့် Anatomy of a fall ပြင်သစ်ရုပ်ရှင် ဇာတ်ကားက အကောင်းဆုံးဇာတ်ညွှန်းဆု ရယူသွားပြီး အကောင်းဆုံးမူရင်းတေးသီချင်းဆုကို Barbie ဇာတ်ကားတွင် ဘီလီအိုင်းလစ်ရှ်သီဆိုထားသည့် What was I Made For? သီချင်းက ရသွားသည်။

အကောင်းဆုံးအန်နီမေးရှင်းဇာတ်ကားဆုကို  The Boy and the Heron ကရသည်။ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားဆုကို Anatomy of a fall ကပင် ရယူသွားသည်။

လူအားပေးမှုအများဆုံး၊ အအောင်မြင် ဆုံးရုံတင်ဇာတ်ကားဆုကို Barbie ဇာတ် ကားကရခဲ့ပြီး ရွှေကမ္ဘာလုံးဆုပေးပွဲ ဆန်ခါတင်စာရင်းတွင် Barbie က ဆုကိုးဆုဖြင့် ဦးဆောင်ခဲ့သော်လည်း တကယ့်ရလဒ်တွင် အားရစရာမကောင်းခဲ့၊ ဆုနှစ်ဆုဖြင့်သာ ကျေနပ်လိုက်ရသည်။

ရုပ်သံဇာတ်လမ်းတွဲ ချီးမြှင့်မှုတွင်မူ Successing က ဆန်ခါတင်ခန့်မှန်းချက်အတိုင်း အကောင်းဆုံးဒရာမာဇာတ်လမ်းတွဲဆု၊ အကောင်းဆုံးဒရာမာဇာတ်ဆောင်မင်းသမီးဆု၊ ဇာတ်ဆောင်မင်းသားဆု၊ ဇာတ်ပို့မင်းသားဆုတို့ ရခဲ့သည်။

The Crown ဇာတ်လမ်းတွဲတွင် ဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့သည့် အဲလစ်ဇဘတ်  ဒက်ဘစ်ကီက အကောင်းဆုံးဇာတ်ပို့မင်းသမီးဆုကို ရခဲ့သည်။

Most Read

Most Recent