လီဒုန်ဝုဒ်နှင့် SHINee အဖွဲ့ဝင် မင်ဟိုတို့ အိုလံပစ်ပြိုင်ပွဲအတွက် ကမ္ဘာလုံးဆိုင်ရာ သံတမန်များအဖြစ် ရွေးချယ်ခံရ

လီဒုန်ဝုဒ်နှင့် SHINee အဖွဲ့ဝင် မင်ဟိုတို့ အိုလံပစ်ပြိုင်ပွဲအတွက် ကမ္ဘာလုံးဆိုင်ရာ သံတမန်များအဖြစ် ရွေးချယ်ခံရ
Published 4 December 2023

နာမည်ကျော် ကိုရီးယားဒရာမာသရုပ်ဆောင် လီဒုန်ဝုဒ်နှင့်K-Pop အဖွဲ့ SHINee ၏အဖွဲ့ဝင်မင်ဟိုတို့ကို “ Olympic TM Friends”  အတွက် ကမ္ဘာလုံးဆိုင်ရာသံတမန်များအဖြစ် တာဝန်ထမ်းဆောင်ရန် နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) က ရွေးချယ်ခဲ့သည်။

တောင်ကိုရီးယား၏ ဂန်ဝန်းပြည်နယ်သည် လေးကြိမ်မြောက် ဆောင်းရာသီလူငယ်အိုလံပစ်ပြိုင်ပွဲများကို လက်ခံပြုလုပ်သွားမည်ဖြစ်သည်။

Gangwon 2014  ကမူ လူငယ်များအတွက်အားကစားမှ တစ်ဆင့် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှုကို ဂုဏ်ပြုသည့်အခြေအနေ တစ်ရပ်ဆောင်ရွက်ပေးနိုင်ရန်အပြင် ပိုမိုတောက်ပသောအနာဂတ်အတွက် ဘုံရည်မှန်းချက်ကို တည်ဆောက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟုဆိုသည်။

နိုင်ငံတကာအိုလံပစ်ကော်မတီက ယင်းသတင်းကို ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။  “ Olympic TM Friends” အစီအစဉ်သည် အိုလံပစ်တန်ဖိုးများကိ ုမြှင့်တင်ရန်အတွက် နာမည်ကြီးအနု ပညာရှင်များ၏ အားပေးမှုကိုရယူခဲ့ခြင်းဖြစ်သည်။

Tales of the Nine-Tailed၊ Hotel King ၊ My Gril နှင့်အခြားဒရာမာများကဲ့သို့ နာမည်ကျော် ကိုရီး ယားဒရာမာများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် လီဒုန်ဝုဒ်သည် အစောပိုင်းက  ၂၀၁၈ ဖြောင်ချန်း ဆောင်းရာသီမသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲအတွက် ဂုဏ်ထူးဆောင်သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

အယ်လ်ဘမ်အရောင်းရဆုံး K-Pop အနုပညာရှင်များတွင် တစ်ဦးအပါအဝင်ဖြစ်သည့် SHINee အဖွဲ့ဝင်မင်ဟိုသည် Dream Team  ခေတ်ကာလအတွင်း လူသိများထင်ရှားခဲ့သူဖြစ်သည်။

အိုလံပစ်အတွက် ကိုယ်စားလှယ်အဖြစ် ၎င်းအားရွေးချယ်မှုသည် အလွန်ကောင်းမွန်သောရွေး ချယ်မှုတစ်ရပ်ဖြစ်သည်ဟ ုမှတ်ချက်ပြုမှုများရှိခဲ့သည်။

မင်ဟိုသည် နိုင်ငံတကာ၊ဒေသတွင်းနှင့် နိုင်ငံတွင်းအားကစားအဖွဲ့အစည်းများနှင့် ပွဲအခမ်းအနားများကို ထောက်ခံအားပေးသူအဖြစ် လူသိများထင်ရှားသည်။

လီဒုန်ဝုဒ်နှင့် မင်ဟိုတို့သည် ဒီဇင်ဘာလတွင်ပြုလုပ်မည့် ပွဲတော်အတွက် ကြော်ငြာလှုပ်ရှားမှုများကို ပြုလုပ်ရန် စီစဉ်နေသည်။

IOC ၏ကြေညာချက်အရ အနုပညာရှင်နှစ်ဦးလုံးသည် ၂၀၂၄ဂန်ဝန်းဆောင်းရာသီ လူငယ်အိုလံပစ်အတွက် ကမ္ဘာတစ်ဝန်းရှိ လူငယ်အားကစားသမားများ၏ အိပ်မက်များနှင့် မျှော်မှန်းချက်များကို ပံ့ပိုးပေးရန် အကြွင်းမဲ့ကတိပြုထားကြသည်ဟု ဆိုသည်။

Most Read

Most Recent