တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများ အရည်အသွေးဆိုင်ရာ ထိန်းကွပ် ကြီးကြပ်စစ်ဆေးခြင်း လုပ်ငန်းများကို ယခင်ကမရှိခဲ့သော Third Party များအား အပ်နှံ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီများမှ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နေပြည်တော်တွင် နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွိုင်ကော်မဲ ဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူ၏ “မြန်မာနိုင်ငံတွင် လမ်း၊ တံတား၊ အဆောက်အအုံနှင့် လေယာဉ်ကွင်း တည်ဆောက်ရာတွင် ဖြစ်ပေါ်လာသော အငြင်းပွားမှုကို ဖြေရှင်းရန် အရည်အသွေး စစ်ပစ္စည်းနှင့် အသုံးပြုခြင်း ရှိ၊ မရှိ၊ အရည်အသွေး ထိန်းကွပ်သည့် Consultant Agency/ Company ရှိ၊ မရှိ သိလိုခြင်း” နှင့်ပတ်သက်သည့် မေးခွန်းအား ဖြေကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားသည်။ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးက ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ ဦးတည်ချက်များနှင့်အညီ ဦးစားပေး ကဏ္ဍအလိုက် အတည်ပြုခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်အတည်ပြုခြင်း စသည့် စိစစ်ရေး လုပ်ငန်းများကို ဆောင်ရွက်နျိုင်ရန်အတွက် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီကို ၂၀၁၆ ခုနှစ် မေ ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က တိုင်းဒေသကြီး၊ ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများကို စိစစ်စစ်ဆေး ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့များက တိုင်းဒေသကြီး၊ ပြည်နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီများကို ဖွဲ့စည်းကာ စိစစ်စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီများသည် နိုင်ငံတော်ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများအတွက် ကန်ထရိုက်စနစ်ဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရန် United Nations Office for Project Services (UNOPS) ၏ အကူအညီဖြင့် ဝန်ကြီးဌာနများ လိုက်နာကျင့်သုံးရန် ရေးဆွဲထားသော ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းလမ်းညွှန်အတိုင်း လိုက်နာဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း ဦးဝင်းခိုင်က ဆိုသည်။မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍတွင် ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ၏ အရည်အသွေးများကို စမ်းသပ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည့် အခြားဝန်ကြီးဌာနများ၏ ဓာတ်ခွဲခန်းများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၌ မှတ်ပုံတင်ထားသော Consulting ကုမ္ပဏီများနှင့် အသိအမှတ်ပြု ဓာတ်ခွဲခန်းများရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။ထို့ပြင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှလည်း ဆောက်လုပ်ရေးလုပ်ငန်း အရည်အသွေး ထိန်းကွပ်ခြင်း၊ စစ်ဆေးစိစစ်ခြင်း လုပ်ငန်းများကို Third Party အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းခွဲ ၁၇ ခုကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။နိုင်ငံခြား အကူအညီ၊ ချေးငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများတွင် Consultant Agency ထောက်ခံချက်ဖြင့် အရည်အသွေး ထိန်းသိမ်းခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံခြား ချေးငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများကို ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီက စိစစ်ဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ တည်ဆောက်မှုလုပ်ငန်းနှင့် ပတ်သက်၍ အငြင်းပွားမှု ပေါ်ပေါက်လာကာ လုပ်ငန်းသဘောတူစာချုပ်နှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိသော သာမန်ကိစ္စရပ်များအတွက် ဌာနဆိုင်ရာ အကြီးအကဲများကသော် လည်းကောင်း၊ ဘုတ်အဖွဲ့ ဖွဲ့စည်း၍သော် လည်းကောင်း ဖြေရှင်းဆောင်ရွက်ကြောင်း၊ လုပ်ငန်းသဘောတူစာချုပ်ပါ ကိစ္စရပ်များအတွက် စာချုပ်စည်းကမ်းအရ တည်ဆဲဥပဒေများ နှင့်အညီ ဖြေရှင်းရန်ရှိသဖြင့် ၂၀၁၆ ခုနှစ်၊ အနုညာတစီရင် ဆုံးဖြတ်ခြင်း ဥပဒေပါ သတ်မှတ် ပြဋ္ဌာန်းချက်များအတိုင်း အနုညာတခုံရုံး ဖွဲ့စည်း၍ ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အင်ဂျင်နီယာကျင့်ဝတ်ပိုင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေနှင့်အညီ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ဆုံးဖြတ် ဖြေရှင်းကြောင်း၊ နိုင်ငံခြား အကူအညီ၊ အထောက်အပံ့၊ ချေးငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် အပြည်ပြည်ဆိုင်ရာ စံနှုန်းများအရ အငြင်းပွားမှုများကို ကန်ထရိုက် ဆောင်ရွက်သည့် ပုံစံအမျိုးအစားအလိုက် လက်ခံကျင့်သုံးလျက်ရှိသော နိုင်ငံတကာ အကြံပေး အင်ဂျင်နီယာများ အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ကျင့်သုံးလျက်ရှိကြောင်း ဦးဝင်းခိုင်က ဆက်လက် ပြောကြားသည်။
တိုင်းနှင့်ပြည်နယ် အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများ အရည်အသွေးဆိုင်ရာ ကြီးကြပ်စစ်ဆေးခြင်း လုပ်ငန်းများကို Third Party များအား အပ်နှံဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီး လွှတ်တော်၌ ရှင်းလင်း









