ဒေဝါလီခံခြင်း၊ ရာဇဝတ်မှု မကင်းသည့်ငွေများ၊ အခွန်ကိစ္စရပ်များနှင့် အလုပ်သမားများ၏ ရပိုင်ခွင့်များ နစ်နာဆုံးရှုံးသည့် အခြေအနေများမှအပ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ဘဏ္ဍာငွေများကို ပြည်ပသို့ လွတ်လပ်စွာ ...

ဒေဝါလီခံခြင်း၊ ရာဇဝတ်မှု မကင်းသည့်ငွေများ၊ အခွန်ကိစ္စရပ်များနှင့် အလုပ်သမားများ၏ ရပိုင်ခွင့်များ နစ်နာဆုံးရှုံးသည့် အခြေအနေများမှအပ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ဘဏ္ဍာငွေများကို ပြည်ပသို့ လွတ်လပ်စွာ ...
Published 25 July 2016

ဒေဝါလီခံခြင်း၊ ရာဇဝတ်မှု မကင်းသည့်ငွေများ၊ အခွန်ကိစ္စရပ်များနှင့် အလုပ်သမားများ၏ ရပိုင်ခွင့်များ နစ်နာဆုံးရှုံးသည့် အခြေအနေများမှအပ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ဘဏ္ဍာငွေများကို ပြည်ပသို့ လွတ်လပ်စွာ လွှဲပြောင်းနိုင်ရေး ခွင့်ပြုရန်ရေးဆွဲထား
ဒေဝါလီခံခြင်း၊ ရာဇဝတ်မှုမကင်းသည့် ငွေများ၊ အခွန်ကိစ္စရပ်များနှင့် အလုပ်သမား များ၏ ရပိုင်ခွင့်များ နစ်နာဆုံးရှုံးနေသည့် အခြေအနေများမှအပ နိုင်ငံသားရင်းနှီးမြှုပ် နှံသူများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ဘဏ္ဍာငွေများကို ပြည်ပသို့ လွတ်လပ်စွာလွှဲ ပြောင်းနိုင်ရေးခွင့်ပြုရန် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ဥပဒေမူကြမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည့် ဥပဒေမူကြမ်းအရ သိရှိရသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံတော်အတွင်းမှ ပြည်ပသို့ လွတ်လပ်စွာဖြင့် နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ငွေလွှဲပြောင်း ခွင့်ပြုရန် ပုဒ်မ ၅၉ တွင် ဖော်ပြထားပြီး ခိုင်ကြေးများ၊ လိုင်စင်ကြေးများ၊ နည်းပညာအ ကူအညီထောက်ပံ့မှု၊ စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများနှင့် ဤဥပဒေအရ ဆောင်ရွက်သည့် မည်သည့် ရင်းနှီးမြှုပ်နှံမှုနှင့်မဆို ဆက်နွှယ်လျက်ရှိသည့် မည့်သည့်ပြင်ပ အဖွဲ့အစည်းကိုမဆို ပေးရန်ရှိသည့် အတိုးငွေများ၊ ချေးငွေသဘောတူစာချုပ် အပါအဝင် ပဋိဉာဉ် စာချုပ်အရ ပေးချေရမည့်ငွေများနှင့် အာမခံ လျော်ကြေးငွေများ၊ စီရင်ချက်အမိန့်၊ အနုညာတ စီရင်ဆုံးဖြတ်ခြင်း သို့မဟုတ် မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံသူမှ ပေးရန်ရှိသည့် သဘောတူညီချက် အပါအဝင် အငြင်းပွားမှု ဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများကို လွတ်လပ်စွာ လွှဲပြောင်းနိုင်မည်ဟု ရေးဆွဲထားကြောင်း သိရှိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ပြည်ပသို့ ဘဏ္ဍာငွေများ လွှဲပြောင်းနိုင်ရန် ပုဒ်မ ၅၇ တွင် ဖော်ပြထားပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့် မတည်ရင်းနှီးငွေ စာရင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ထားသည့် မတည်ရင်းနှီးငွေများ၊ ဤဥပေဒအရ ရင်းနှီးမြှုပ်နှံမှုမှ ထွက်ပေါ်လာသော အကျိုးအမြတ်များ၊ အခြေပစ္စည်းမှ အမြတ်အစွန်းများ၊ အစုပေါ်အမြတ်များ၊ ခိုင်ကြေးများ၊ မူပိုင်ခများ၊ လိုင်စင်ကြေးများ၊ နည်းပညာ အကူအညီထောက်ပံ့မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများ၊ အစုရှယ်ယာနှင့် အခြားလက်ရှိဝင်ငွေများ၊ ရင်းနှီးမြှုပ် နှံမှုတစ်ခု၏ စုစုပေါင်းရောင်းချမှု သို့မဟုတ် တစ်စိတ်တစ်ပိုင်းရောင်းချမှု သို့မဟုတ် လုပ် ငန်းတစ်ခုခု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် ပိုင်ဆိုင်မှုစာရင်း ရှင်းလင်း ဖျက်သိမ်းခြင်းတို့မှ ထွက်ပေါ်လာသည့် အ မြတ်အစွန်းများ၊ ချေးငွေသဘောတူစာချုပ် အပါအဝင် ပဋိဉာဉ်စာချုပ်အရ ပေးချေရ မည့်ငွေများ၊ ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှု ဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများ၊ ရင်းနှီးမြှပ်နှံမှု သို့မဟုတ် ပစ္စည်းသိမ်းယူခြင်း သို့မဟုတ် ပြည်သူပိုင်သိမ်းခြင်းတို့မှ လျော်ကြေးအဖြစ် ရရှိသည့် ငွေကြေးများ သို့မဟုတ် အခြားလျော်ကြေးငွေများနှင့် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ ခန့်အပ်ထားသည့် နိုင်ငံခြားသား ကျွမ်းကျင်သူဝန် ထမ်းများ၏ လုပ်ခလစာနှင့် ဝင်ငွေများကို လွတ်လပ်စွာ လွှဲပြောင်းခွင့်ပြုမည်ဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ မူကြမ်း ပုဒ်မ ၆၂ အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများသည် ပုဒ်မ ၅၇ တွင် ဖော်ပြထားသည့် အချက်များနှင့်စပ်လျဉ်း၍ လွှဲပြောင်းခြင်း ပြုလုပ်ရာတွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ၏ ငွေလုံးငွေရင်းစာရင်း သို့မဟုတ် သာမန်စာရင်းတွင် အကျုံးဝင်သည့်ငွေများ ကို နိုင်ငံတော်အတွင်းရှိ နိုင်ငံခြားဘဏ်လုပ် ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်များမှတစ်ဆင့် နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေအရ လွတ်လပ်စွာ သုံးစွဲနိုင်သည့် ငွေကြေးဖြင့် ဈေးကွက် ပေါက်ဈေးအတိုင်း လွှဲပြောင်းနိုင်မည်ဖြစ် သော်လည်း ဒေဝါလီခံခြင်း၊ လူမွဲစာရင်းခံ ခြင်း သို့မဟုတ် မြီရှင်များ၏ အခွင့်အရေးများ ကို ကာကွယ်ရန် လိုအပ်သည့် အခြေအနေ၊ ပြစ်မှု သို့မဟုတ် ရာဇဝတ်မှုနှင့် ရာဇဝတ်မကင်းသည့် နည်းလမ်းဖြင့် ရရှိသည့်ငွေများအား တရားဝင်ငွေအဖြစ် လွှဲပြောင်းသည့် အခြေအနေ၊ ငွေကြေးဆိုင်ရာ အစီရင်ခံခြင်း သို့မဟုတ် လွှဲပြောင်းမှုဆိုင်ရာ မှတ်တမ်းများကို ဥပဒေကြောင်းအရ အတည်ပြုရန် သို့မဟုတ် ငွေကြေးအာဏာပိုင်အဖွဲ့အစည်းများကို ပံ့ပိုးကူညီရန် လိုအပ်သည့်အခြေအနေ၊ တရား စီရင်ရေး သို့မဟုတ် စီမံခန့်ခွဲရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် အမိန့်များ သို့မဟုတ် စီရင်ချက်များနှင့်အညီ ဆောင်ရွက်ရမည့် အခြေအနေ၊ အခွန်ကိစ္စရပ်များ၊ လူမှုဖူလုံရေး၊ အစိုးရဝန်ထမ်းများ၏ အငြိမ်းစားယူမှု သို့ မဟုတ် မဖြစ်မနေ ငွေစုဆောင်းရေး အစီအ စဉ်များနှင့် အလုပ်သမားများ၏ ရပိုင်ခွင့်များ နစ်နာဆုံးရှုံးရသည့် အခြေအနေများတွင် အစိုးရအဖွဲ့ အနေနှင့် နိုင်ငံခြားသို့ ဘဏ္ဍာ ငွေလွှဲပြောင်းမှုများအား ဟန့်တားခြင်းနှင့် ဆိုင်းငံ့ခြင်းများ ပြုလုပ်နိုင်သည်ဟု ဖော်ပြထားသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပယ်ဖျက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအဖြစ် ဥပဒေတစ်ခုတည်းသာ ဖြစ်လာစေမည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် အခန်းပေါင်း ၂၃ ခုနှင့် ပုဒ်မပေါင်း ၁၀၃ ခု ပါဝင်ရေးဆွဲထားသည်။