ဥရောပထိပ်သီးအသင်းများစွာ ပါဝင်သည့် International Champions Cup ပြိုင်ပွဲ ယနေ့စတင်မည်

ဥရောပထိပ်သီးအသင်းများစွာ ပါဝင်သည့် International Champions Cup ပြိုင်ပွဲ ယနေ့စတင်မည်
Published 22 July 2016

ဥရောပထိပ်သီးအသင်း (၁၆) သင်းနှင့် သြစတြေးလျကလပ် မဲလ်ဘုန်းဗစ်ထရီ အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည့် International Champions Cup ပြိုင်ပွဲကို ယနေ့စတင် ကျင်းပမည်ဖြစ်သည်။ပြိုင်ပွဲကို နိုင်ငံပေါင်း(၇)နိုင်ငံတွင် လက်ခံကျင်းပ သွားမည်ဖြစ်ပြီး ဒေသအလိုက် ခေါင်းစဉ်(၃)ခုခွဲကာ ဆုဖလား(၃)လုံး ချီးမြှင့်သွားမည်ဖြစ်သည်။ပထမဆုံး စတင်မည်မှာ တရုတ်နိုင်ငံတွင် ကျင်းပမည့် မန်ယူ၊ မန်စီးတီးနှင့် ဒေါ့မွန်တို့ ပါဝင်သော အုပ်စုဖြစ်ပြီး ယနေ့ ညနေ(၆း၃၀)နာရီတွင် မန်ယူနှင့် ဒေါ့မွန်အသင်းတို့ စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။စုစုပေါင်းပွဲစဉ် (၂၁) ပွဲ ပါဝင်သည့် ယခုပြိုင်ပွဲ၏ ရုပ်သံထုတ်လွှင့်ခွင့်ကို နိုင်ငံပေါင်းများစွာမှ ရယူထားကြပြီး မြန်မာနိုင်ငံတွင်လည်း အဆိုပါပွဲစဉ် အားလုံးကို တိုက်ရိုက်ပြသ သွားမည်ဖြစ်ကြောင်း သိရှိရသည်။■ ပွဲကြို သုံးသပ်ချက်မန်ယူ နှင့် ဒေါ့မွန်မန်ယူနည်းပြ မော်ရင်ဟိုက Psycho အရ အမ်ခီတာယန်ကို သူ့အသင်းဟောင်း ဒေါ့မွန်နဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖို့များတယ်။ဒေါ့မွန်က ဂန်ဒိုဂန်၊ အမ်ခီတာယန်တို့ ထွက်သွားပေမယ့် အစားမထိုးနိုင်တဲ့ ပြဿနာ မရှိလောက်ပါဘူး။ အသင်းလိုက်မှာ ဒေါ့မွန်က ပိုငြိမ်ပေမယ့် မော်ရင်ဟိုအတွက် ကနဦးခြေလှမ်းတွေကလည်း အရေးပါနေတာ ထည့်တွက်ရမှာပါ။မန်ယူ အနိမ့်ဆုံးသရေပါပဲ။Photo: AFP & ICC

Most Read

Most Recent