ရီးယဲလ်သို့ မိုရာတာ ပြန်လည်ပြောင်းရွှေ့မည်ဟု ဂျူဗင်တပ်စ် အတည်ပြု

ရီးယဲလ်သို့ မိုရာတာ ပြန်လည်ပြောင်းရွှေ့မည်ဟု ဂျူဗင်တပ်စ် အတည်ပြု
Published 7 July 2016

စီးရီးအေ ဂျူဗင်တပ်စ်အသင်းသည် အသင်းတိုက်စစ်မှူး မိုရာတာ အနေဖြင့် ရီးယဲလ်မက်ဒရစ် အသင်းထံသို့ ပြန်လည် ပြောင်းရွှေ့တော့မည်ဟု အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။
ရီးယဲလ်အသင်း အနေဖြင့် မိုရာတာကို ၂၀၁၄ ခုနှစ်တွင် ဂျူဗင်တပ်စ်သို့ ရောင်းချခဲ့စဉ် ကတည်းက ပြောင်းရွှေ့ကြေး ပေါင် (၂၄) သန်းပေးချေလျှင် အချိန်မရွေး ပြန်လည်ခေါ်ယူခွင့်ရှိသည့် အချက်ကို ထည့်သွင်းချုပ်ဆို ထားခြင်းဖြစ်သည်။
ဂျူဗင်တပ်စ် အနေဖြင့် မိုရာတာကို ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေး ပေါင် (၁၆) သန်းသာ ပေးချေခဲ့ရကြောင်း သိရသည်။
၂၃ နှစ်အရွယ်ရှိ မိုရာတာမှာ နှစ်ရာသီအတွင်း အသင်းအတွက် (၉၇) ပွဲကစားကာ (၂၇) ဂိုး သွင်းယူပေးခဲ့ပြီး အသင်းနှင့်အတူ စီးရီးအေချန်ပီယံ (၂) ကြိမ်နှင့် ကိုပါအီတာလီယာချန်ပီယံ(၂)ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

Most Read

Most Recent