၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ အများဆုံး ဝင်ရောက်ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အနည်းဆုံး ဝင်ရောက်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ အများဆုံး ဝင်ရောက်ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အနည်းဆုံး ဝင်ရောက်
Published 12 June 2016
မျိုးဇော်ဦး

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံး ဝင်ရောက်ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အနည်းဆုံး ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
 
အဆိုပါဌာန၏ စာရင်းများအရ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၄၈၁၇ ဒသမ ၇၉၀ သန်း ဝင်ရောက်ခဲ့ပြီး ကဏ္ဍကြီးများ အားလုံးအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်သည့် ကဏ္ဍတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
 
သို့သော် မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၇ ဒသမ ၁၈၀ သန်းသာ ဝင်ရောက်ခဲ့ပြီး ကဏ္ဍကြီးများ အားလုံးအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ဝင်ရောက်သည့် ကဏ္ဍတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။
 
ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၂၂၀ ဒသမ ၃၀၆ သန်း ဝင်ရောက်ခဲ့ပြီး ကဏ္ဍအားလုံးအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်သည့် ကဏ္ဍတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။
 
သို့သော် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  ၆ ဒသမ ၂၅၉ သန်းဖြင့် အနည်းဆုံးဖြစ်ခဲ့သည့် မိုင်းတွင်းသတ္တု ထုတ်လုပ်ရေးကဏ္ဍ၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တန်ဖိုး ၂၈ ဒသမ  ၉၂၃  သန်းအထိ  မြင့်တက်လာခဲ့သည်။
 
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကဏ္ဍအားလုံး၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုးငွေ စုစုပေါင်း ဒေါ်လာ  ၉၄၈၁ ဒသမ ၂၇၅ သန်း ဝင်ရောက်ခဲ့ပြီး  ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈၀၁၀ ဒသမ ၅၃၃ သန်းသာ ရှိခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ပိုမိုမြင့်တက်ခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent