လေးနိုင်ငံဖလား ဗိုလ်လုပွဲသို့ ဗီယက်နမ်အသင်း တက်ရောက်

လေးနိုင်ငံဖလား ဗိုလ်လုပွဲသို့ ဗီယက်နမ်အသင်း တက်ရောက်
Published 3 June 2016

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် AYA Bank Cup 2016 ဆီမီးဖိုင်နယ် ပထမပွဲစဉ်တွင် ဗီယက်နမ်အသင်းက ဟောင်ကောင်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့တက်ရောက်သွားကြောင်း သိရသည်။
ဗီယက်နမ်အသင်းနှင့် ဟောင်ကောင်အသင်းတို့သည် ပွဲစကတည်းက အမှားစောင့် ကစားနေခဲ့သောကြောင့် ပထမပိုင်းမှာ ပွဲအေးတစ်ပွဲ ဖြစ်ခဲ့သည်။ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန် သွင်းဂိုးများဖြင့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး မိနစ် (၉၀) အပြီးတွင် နှစ်ဂိုးစီ သရေကျနေရာ အချိန်ပို ဆက်လက်ကစားခြင်း မရှိဘဲ ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့သည်။ပယ်နယ်တီတွင် ဗီယက်နမ်အသင်းက ဟောင်ကောင်အသင်းကို (၄-၃)ဂိုး၊ စုစုပေါင်းဂိုးရလဒ်(၆-၅)ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent