သိပ္ပံအက်ရှင်ဇာတ်ကား Teenge Mutant Ninja Turtles : Out Of The Shadows ရန်ကုန်၊ မန္တလေး၊ ပြည်နှင့် လားရှိုးမြို့များရှိ ရုပ်ရှင်ရုံများ၌ ဇွန် ၃ ရက်မှစတင်ကာ ရုံတင်မည်

သိပ္ပံအက်ရှင်ဇာတ်ကား Teenge Mutant Ninja Turtles : Out Of The Shadows ရန်ကုန်၊ မန္တလေး၊ ပြည်နှင့် လားရှိုးမြို့များရှိ ရုပ်ရှင်ရုံများ၌ ဇွန် ၃ ရက်မှစတင်ကာ ရုံတင်မည်
Published 2 June 2016
စုမှူးနိုင်

သိပ္ပံအက်ရှင်ဇာတ်ကား ဖြစ်သည့်Teenge Mutant Ninja Turtles: Out Of The Shadows ရုပ်ရှင်ကို ဇွန် ၃ ရက်မှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ ပြည်နှင့် လားရှိုးမြို့ များရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသသွားမည်ဟု သိရသည်။     Teenge Mutant Ninja Turtles: Out Of The Shadows ရုပ်ရှင်ဇာတ်ကားသည် ကမ္ဘာတစ်လွှား ကျော်ကြားအောင်မြင်ခဲ့သည့် လိပ်နင်ဂျာ ဇာတ်ကောင်များ၏ ဇာတ်ကားသစ်ဖြစ်သည်။ ယင်းဇာတ်ကားကို အမေရိကန်နိုင်ငံတွင်လည်း ဇွန် ၃ ရက်၌ စတင် ပြသမည်ဟု သိရသည်။လူသားများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးလေ့ရှိသည့် လိပ်နင်ဂျာများသည် လူဆိုးကြီး Shredder အတွက်မူ သူ၏ ဒုစရိုက်မှုများ၌ အနှောင့်အယှက် ပေးနေသူများသာဖြစ်သည်။ သို့အတွက် လိပ်နင်ဂျာများကို ချေမှုန်းလိုသည့် Shredder က လိပ်နင်ဂျာများနှင့်ပတ်သက်၍ သုတေသနပြုနေသူ သိပ္ပံပညာရှင်အကြီး အကဲတစ်ဦးဖြစ်သည့် Dr. Baxter Stockman ကို စည်းရုံး သိမ်းသွင်းခဲ့သည်။ထို့နောက်တွင် Dr. Baxter Stockman ၏ သုတေသန ပြုချက်များနှင့်အတူ လိပ်နင်ဂျာများကဲ့သို့ အခြားတိရိစ္ဆာန် မျိုးစိတ်သစ်များကို ဖန်တီးခဲ့တော့သည်။ ထိုအစွမ်းရှိသည့် တိရိစ္ဆာန်မျိုးစိတ်သစ်များကို အသုံးပြုကာ လူဆိုးကြီး Shredder က နယူးယောက်မြို့ကြီးအား ဖျက်ဆီးရန်ကြိုးစားတော့သည်။ လူဆိုးကြီး Shredder ၏ အကြံအစည်ကို ဖျက်ဆီးရန်အတွက် လိပ်နင်ဂျာများနှင့် လူသားမိတ်ဆွေများဖြစ်သည့်  April O'Neil ESihf Vern Fenwick  နှင့် Vern Fenwick တို့၏ အကူအညီကိုရယူကာ တိရိစ္ဆာန်မျိုးစိတ်သစ် နင်ဂျာများအား လိုက်လံ ချေမှုန်းရာမှဖြစ်ပေါ်လာသည်များကို ဟာသနှောကာ ရိုက်ကူးတင်ပြထားသည့် သိပ္ပံအက်ရှင် ဇာတ်ကား ဖြစ်သည်။Teenge Mutant Ninja Turtles: Out Of The Shadows ဇာတ်ကားကို ဒါရိုက်တာ Dave Green က ရိုက်ကူးပြီး Alessandra Ambrosio, Megan Fox, Stephen Amell, Will Arnett, Brian Tee, Tyler Perry, Brittany Ishibashi  တို့ ပါဝင် သရုပ်ဆောင်ထားသည်။ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ ရှေ့ဆောင်၊ မင်္ဂလာစံပြ ရုပ်ရှင်ရုံများ၊ မန္တလေးမြို့ရှိ  Mingalar Diamond Cineplex၊  ပြည်မြို့ရှိ မင်္ဂလာ ထွန်းသီရိရုပ်ရှင်ရုံများနှင့် လားရှိုးမြို့ရှိ  အောင်သီရိ ရုပ်ရှင်ရုံများတွင် ဇွန် ၃ ရက်မှ စတင်ကာ တစ်ပြိုင်နက်  ရုံတင် ပြသသွားမည်ဟု သိရသည်။  

Most Read

Most Recent