ရီးယဲလ်အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အက်သလက်တီကိုအသင်းနှင့် ၎င်း၏အနာဂတ်ကို ဆီမြွန်နီက သုံးသပ် စဉ်းစားဖွယ်ရှိနေကြောင်းသတင်းများ ထွက်ပေါ်လာခဲ့သည်။'' အက်သလက်တီကိုနဲ့အတူ ရှေ့ဆက်ရဦးမလား၊ ဒါမှမဟုတ် ဒါဟာ အဆုံးသတ်တစ်ခုလား။ ဒီကိစ္စကို ကျွန်တော် စဉ်းစားရပါတော့မယ်။အရာအားလုံး ပေးဆပ်ခဲ့တာတောင်မှ မလုံလောက်ဘူးဆိုတော့ ဒါကို လက်ခံဖို့ ခက်ခဲပါတယ်။ အက်သလက်တီကို အသင်းနဲ့အတူ အံ့အားသင့်စရာ (၃)နှစ်တာ ကာလကို ပိုင်ဆိုင်ခဲ့ပေမယ့် ဒီညမှာတော့ ကျွန်တော် မပျော်နိုင်ပါဘူး။ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ရတာလောက် နာကျင်စရာကောင်းတာက ဘယ်အရာရှိဦးမလဲ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ကို လာအားပေးတဲ့သူတွေအတွက် ကျွန်တော်နာကျင်စွာ ခံစားရပါတယ်'' ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။သတင်းထောက်တစ်ဦးက'' အသင်းက ထွက်ခွာဖို့ စဉ်းစားနေပြီလား'' ဟု မေးမြန်းမှုကို ဆီမြွန်နီက '' ဒီအကြောင်းကို စဉ်းစားဖို့ ကျွန်တော် စီစဉ်နေပါတယ်'' ပြန်လည်ဖြေကြားခဲ့သဖြင့်ဆီမြွန်နီနှင့် အက်သလက်တီကိုအသင်းတို့ကြားမှ အနာဂတ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ထို့ပြင် ဆီမြွန်နီက (၁၁)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့သည့် ရီးယဲလ်အသင်းကို ချီးကျူ းခဲ့ပြီး ဘောလုံးလောကတွင် ပိုကောင်းသည့်အသင်း အနိုင်ရစမြဲဖြစ်ကြောင်း ဝန်ခံခဲ့သည်။သို့သော် ဆီမြွန်နီက '' ကျွန်တော့်ကစားသမားတွေ တုန်လှုပ်ဝမ်းနည်းနေကြပါတယ်။ ပွဲပြီးတော့ သူတို့ကို မငိုဖို့ ကျွန်တော်ပြောခဲ့ပါတယ်။ကိုယ်အကောင်းဆုံး လုပ်ခဲ့ဲ့တဲ့ အရာတစ်ခုအတွက် မျက်ရည်ကျနေစရာ မလိုပါဘူး'' ဟု ပြောကြားခဲ့သည်။
အက်သလက်တီကိုအသင်းနှင့် အနာဂတ်ကို ဆီမြွန်နီ စဉ်းစားဖွယ်ရှိ
(ပုံစာ - ဆုတံဆိပ်လက်ခံရယူပြီးနောက် တွေ့ရသည့် ဆီမြွန်နီ