ဆယ်စုနှစ်အတွင်း ထိုင်းအသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရန် လက်စတာအသင်းပိုင်ရှင် ပစ်မှတ်ထား

ဆယ်စုနှစ်အတွင်း ထိုင်းအသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရန် လက်စတာအသင်းပိုင်ရှင် ပစ်မှတ်ထား
Published 19 May 2016

လက်စတာအသင်းပိုင်ရှင် ထိုင်းသူဌေး ဗီချိုင်းက လက်စတာအသင်း၏ ပရီးမီးယားလိဂ် အောင်မြင်မှုမှတစ်ဆင့် ထိုင်းလူငယ် ကစားသမားများကို မြေတောင်မြှောက်ပေးပြီး ဆယ်စုနှစ် တစ်ခုအတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။''ထိုင်းအသင်းကို (၁၀) နှစ်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးဝင်ခွင့်ရဖို့ အလိုရှိပါတယ်။ ကျွန်တော်တို့မှာ အစီအစဉ် ရှိပါတယ်။ ထိုင်းလူငယ်တွေကို မာရက်ဇ်၊ ဗာဒီ၊ ဒရင့်ဝါတာတို့နဲ့အတူ တွဲလေ့ကျင့်စေဖို့ပါ။ ဒါဟာ အင်္ဂလိပ်တွေရဲ့ ဘောလုံးစတိုင်နဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကို ကောင်းစွာ သင်ယူနိုင်ပါလိမ့်မယ်'' ဟု ဗီချိုင်းက ပြောကြားခဲ့သည်။လက်ရှိတွင် ထိုင်းလူငယ်ကစားသမား (၁၆) ဦး လက်စတာအသင်းတွင် လေ့ကျင့်သင်ကြားနေပြီး လာမည့်နှစ်တွင် ပိုမိုစေလွှတ် သွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent