မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ကုန်စည်စစ်ဆေးမှု ပိုမို မြန်ဆန်စေရန်အတွက် ပို့ကုန်သွင်းကုန် ယာဉ်စစ်ကွင်းတွင် Risk Management စနစ်ဖြင့် ကုန်တင်ယာဉ်များကို မဲနှိုက် ဆောင်ရွက်မည်

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ကုန်စည်စစ်ဆေးမှု ပိုမို မြန်ဆန်စေရန်အတွက် ပို့ကုန်သွင်းကုန် ယာဉ်စစ်ကွင်းတွင် Risk Management စနစ်ဖြင့် ကုန်တင်ယာဉ်များကို မဲနှိုက် ဆောင်ရွက်မည်
Published 7 May 2016
နီလာ

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ကုန်စည်စစ်ဆေးမှု ပိုမို မြန်ဆန်စေရန်အတွက် ပို့ကုန်သွင်းကုန် စစ်ဆေးရေးကွင်းတွင် Risk Management စနစ်ဖြင့် ကုန်တင်ယာဉ်များကို မဲနှိုက် ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ သိရသည်။မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း ကုန်စည်စစ်ဆေးမှု လျင်မြန်စေရန်နှင့် ကုန်စည်စီးဆင်းမှု ပိုမိုသွက်လက် မြန်ဆန်လာစေရန်အတွက် ပို့ကုန်/သွင်းကုန် ယာဉ်စစ်ကွင်းများတွင် အကောက်ခွန် ဦးစီးဌာန ဝန်ထမ်းများက Risk Management စနစ်ဖြင့် ကုန်တင်ယာဉ်များကို မဲနှိုက်သော လုပ်ငန်းစဉ်အား နေ့စဉ် ပို့ကုန်ဘက် အခြမ်းတွင် နံနက် ၆ နာရီ မိနစ် ၃၀၊ နံနက် ၉ နာရီ မိနစ် ၃၀၊ နံနက် ၁၁ နာရီနှင့် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်များတွင် လည်းကောင်း၊ ညနေပိုင်းတွင် ယာဉ် ၅၀ စီး ဝန်းကျင် ရှိပါက ညနေ ၃ နာရီ မိနစ် ၃၀ တွင် ထပ်မံ မဲနှိုက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ယာဉ် အစီးရေ ၅၀ အောက်သာ ရှိပါက အကောက်ခွန် ဝန်ထမ်းများက ဖွင့်ဖောက်စစ်ဆေးသည့် စနစ်ဖြင့် စစ်ဆေး စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ သိရသည်။သွင်းကုန်ယာဉ်စစ်ကွင်းတွင် Risk Management စနစ်ဖြင့် ကုန်တင်ယာဉ်များကို မဲနှိုက်ဆောင်ရွက်မှု လုပ်ငန်းများအား နံနက် ၆ နာရီ မိနစ် ၃၀၊ နံနက် ၉ နာရီ မိနစ် ၃၀၊ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်များနှင့် ညနေပိုင်းတွင် ယာဉ်အစီးရေ ၅၀ ဝန်းကျင် ရှိပါက ညနေ ၃ နာရီ မိနစ် ၃၀ အချိန်၌ ထပ်မံမဲနှိုက် ဆောင်ရွက်သွားမည် ဖြစ်ကာ ယာဉ်အစီးရေ ၅၀ အောက်သာ ရှိပါက အကောက်ခွန်ဝန်ထမ်းများက ဖွင့်ဖောက် စစ်ဆေးသည့် စနစ်ဖြင့် စစ်ဆေး စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ သိရသည်။မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း ပို့ကုန်သွင်းကုန် ယာဉ်များကို Risk Management စနစ်ဖြင့် Channel သတ်မှတ် ဆောင်ရွက်နေမှုကို ၂၀၁၆ ခုနှစ် မေ ၁ ရက်မှ စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent