ဇန်နဝါရီ ၂၂ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနှင့် ဆက်စပ်သတင်းများ

ဇန်နဝါရီ ၂၂ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနှင့် ဆက်စပ်သတင်းများ
Published 22 January 2016

#‎EMG_Breaking_News‬ - 22Jan2016 (9:20AM)
 

 
ပြည်မြို့အကျဉ်းထောင်ကြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသား လေးဦး စတင်လွတ်မြောက်
 
ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး၊ ပြည်မြို့အကျဉ်းထောင်ကြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားလေးဦး လွတ်မြောက်လာကြောင်း သိရသည်။
 
ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ခုနှစ်နာရိခွဲခန့်က အကျဉ်းထောင်ကြီးမှ ပုဒ်မ ၅၀၅(ခ)ဖြင့် တစ်နှစ်ခွဲ ထောင်ဒဏ်ကျခံနေရသည့် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှ၊ တောင်သူလယ်သမားအရေး လှုပ်ရှားသူ
ကိုပဲပဲ (ခ) ကိုရဲကျော်သူ၊ ပြည်မြို့မှ ပီအာရ်စနစ် အလိုမရှိ ဆန္ဒထုတ်ဖော်မှုဖြင့် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်လေးလ
ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ (ပြည်ခရိုင် ယာယီတာဝန်ခံ)
ဦးကျော်ဆန်း၊ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်မြို့နယ်ဥက္ကဋ္ဌ) ဦးဝဏ္ဏ၊ ဦးမောင်မောင်တိုး တို့လေးဦး လွတ်မြောက်လာကြခြင်း ဖြစ်သည်။
 

#‎EMG_Latest_News‬ - 22Jan2016 (9:45AM)
 

 
မန္တလေး အိုးဘိုအကျဉ်းထောင်မှ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနိုင်ရဲေ၀ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။ ကိုနိုင်ရဲဝေသည် ပုဒ်မ ၅၀၅ (ခ) ပုဒ်မ ၁၈၊ ၁၄၃၊ ၁၄၇ တို့ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၉ လ ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ 
 
ထို့အတူ အိုးဘို အကျဉ်းထောင်တွင် ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ်ကျခံနေရသော ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင် ၃ ဦး ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။
 
သာယာဝတီ အကျဉ်းထောင်မှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံပြည်သူများ၏ အခြေအနေမှာ ထူးခြားမှု မရှိသေးပေ။ သို့သော် သာယာဝတီ အကျဉ်းထောင်တွင် ထောင်ဒဏ် ကျခံနေရသော အကောက်ခွန် ဝန်ထမ်း ၁၅ ဦး ယနေ့ နံနက်အစောပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ကြောင်း သတင်းထွက်ပေါ်နေပြီး ရန်ကုန် အင်းစိန် အကျဉ်းထောင်မှလည်း နိုင်ငံရေး အကျဉ်းသား ၂၅ ဦးခန့် လွတ်မြောက်မည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါသည်။
 

#‎Eleven_Latest_News‬ - 22Jan2016 (10:00AM)
 

 

 

 
ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသော မိချောင်းကန်ပြည်သူ ၁၃ ဦး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒထုတ်ဖော်မှုတွင် သေဆုံးခဲ့ရသည့် တောင်သူ ဒေါ်ခင်ဝင်း အတွက် ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ထောင်ဒဏ်ကျခံခဲ့ရသော ဦးဘမြင့် အပါအဝင် ငါးဦး စုစုပေါင်း ၁၈ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရပါသည်။
 

#‎Eleven_Latest_News‬ - 22Jan2016 (10:30AM)
 
တောင်ငူအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သုံးဦး လွတ်မြောက် 
 

 
ပဲခူး တိုင်းဒေသကြီး၊ တောင်ငူ အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအနက် သုံးဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။ 
 
ပြန်လည်လွတ်မြောက်လာသူ သုံးဦးမှာ ကန့်ဘလူမြေသိမ်း ကိစ္စဖြင့် ပြစ်မှုပုဒ်မ ၄၂၇ ဖြင့် ၂၀၁၄ ခုနှစ် ၇ လပိုင်းက ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသူ၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာမှ ကိုကျော်ထွန်းနိုင်၊ ရမည်းသင်း မိုးထိမိုးမိဒေသ ရွှေတူးဖော်သည့် ကုမ္ပဏီထံမှ နစ်နာေကြေး တောင်းခံဆန္ဒပြရာမှ ပြစ်မှုပုဒ်မ ၁၄၃၊ ၁၄၇၊ ၅၀၅(ခ)
တို့ဖြင့် ၂၀၁၄ ခုနှစ် ၅ လပိုင်းတွင် ထောင်ဒဏ် ၃ နှစ် ၁ လပြစ်ဒဏ် ချမှတ်ခံထားရသူ၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသမှ ဆန္ဒပြရွှေလုပ်သား ကိုမျိုးတင့်နှင့် ထောင်ဒဏ် ၃ နှစ် ၄ လ ပြစ်ဒဏ်ချမှတ် ခံထားရသူ၊မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသမှ ဆန္ဒပြရွှေလုပ်သား ဒေါ်ရီဝင်းတို့ သုံးဦးဖြစ်ပါသည်။ 
 
ဇော်ဝင်းချစ်(တောင်ငူ)

 

#‎Eleven_Latest_News‬ - 22Jan2016 (11:45 AM)
ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသော မိချောင်းကန်ပြည်သူ ၁၃ ဦး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒထုတ်ဖော်မှုတွင် သေဆုံးခဲ့ရသည့် တောင်သူ ဒေါ်ခင်ဝင်း အတွက် ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ထောင်ဒဏ်ကျခံခဲ့ရသော ဦးဘမြင့် အပါအဝင် ငါးဦး၊ ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ်ကျခံနေရသူ ၂ ဦး၊ V-Gusto Bar အမှုမှနိုင်ငံခြားသား အပါအဝင် ကျား ၁၈ ဦးနှင့် မ ၇ ဦး စုစုပေါင်း ၂၅ ဦး သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ လွတ်မြောက်လာသူများထဲမှ အချို့သည် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများ၊ ဖမ်းဆီးခံကျောင်းသားများ၊ လယ်သမားများနှင့် အလုပ်သမားများ အမြန်ဆုံးလွှတ်ပေးရန်အတွက် စုပေါင်းပြီး အင်းစိန်ထောင်ရှေ့တွင် ဆန္ဒပြမှုတစ်ခုကို ၃ မိနစ်ကြာခန့် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
■ ကြည်နိုင်
#‎Eleven_Latest_News‬ - 22Jan2016 (12:00 PM)

ယနေ့ (ဇန်နဝါရီ ၂၂ ရက်)က မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းသား အချိုု့အား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ရာ မိတ္တီလာ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသူတစ်ဦး လွတ်မြောက်ခဲ့ကြောင်း မိတ္တီလာ အကျဉ်းဦးစီးဌာနမှ သိရှိရသည်။
အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သော အကျဉ်းသူမှာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနေ ဒေါ်ရီရီမြင့်ဖြစ်ပြီး လွတ်မြောက်ရန် ကိုးလနှင့် သုံးရက်အလို ယနေ့ (ဇန်နဝါရီ ၂၂ ရက်) တွင် မိတ္တီလာ အကျဉ်းထောင်မှ လွတ်ေမြာက်လာခြင်း ဖြစ်ပြီး ၎င်းမှာ မိုးထိမိုးမိ ရွှေလုပ်ကွက်တွင် ဆန္ဒဖော်ထုတ်၍ တားမြစ်အမိန့် မနာခံမှု၊ အသင်းအဖွဲ့ဖြင့် ဆူပူမှု၊ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှု၊ ညစ်ညမ်းစွာ ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ တာဝန်ထမ်းဆောင်သော ဝန်ထမ်းအား နာကျင်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု စသည့် ပြစ်မှုတို့ဖြင့် ရမည်းသင်း တရားရုံးမှ ၂၀၁၄ ခုနှစ် ဧပြီလတွင် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်နှင့် ၄ လ ကျခံစေရန် အမိန့်ချမှတ်ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

“ဒေါ်ရီရီမြင့်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ သူက ရမည်းသင်း တရားရုံးက အမိန့်ချလိုက်ပြီး မိတ္တီလာထောင်မှာ လာကျပါတယ်။ ဒီနေ့ လွတ်ငြိမ်းချမ်းသာမှာ သူတစ်ယောက်ပဲ ပါပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် မပါရင် သူက လွတ်ရက် ကိုးလသုံးရက် လိုပါသေးတယ်” ဟု မိတ္တီလာ အကျဉ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ထွန်းမှ ပြောကြားသည်။
■ ဝဏ္ဏ (မိတ္ထီလာ)

 

Most Read

Most Recent