ရွေးကောက်ပွဲပြီးချိန်မှ စ၍ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု မြင့်တက်လာပြီး အမေရိကန်၊ ယူကေနှင့် သြစတြေးလျ နိုင်ငံများမှ ခရီးသည်များ လာရောက်မှု များပြားလျက်ရှိကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု များပြားသည့် ကာလသည် အောက်တိုဘာလတွင် စတင်ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်ခဲ့သဖြင့် ပြည်ပခရီးသွား ဝင်ရောက်မှု အနည်းငယ် ရပ်တန့်ခဲ့ပြီး ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်ကာ ခရီးသွားများ ပြန်လည်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။“ပုံမှန်ဆိုရင်တော့ ပွင့်လင်းရာသီဖြစ်တဲ့ အောက်တိုဘာမှာ ခရီးသည်အဝင် စများတယ်လေ။ ဒီနှစ်တော့ နိုဝင်ဘာမှာ ရွေးကောက်ပွဲ လုပ်ခဲ့တော့ ခရီးသည်အဝင် နည်းနည်း တန့်သွားတယ်။ ရွေးကောက်ပွဲပြီးမှ ပြန်တက်လာတာပေါ့။ နိုင်ငံခြားသား ခရီးသည် အများဆုံး လာရောက်တဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ ယူကေနဲ့ သြစတြေးလျ နိုင်ငံတွေက ပိုများပါတယ်” ဟု Maing Fong Travels & Tour မှ CEO ကိုလင်းမြတ်ထွန်းက ပြောပြခဲ့သည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၄ ဒသမ ၇ သန်း ဝင်ရောက်ခဲ့ပြီး၊ ယခုနှစ် ၂၀၁၆ ခုနှစ်တွင် ယင်းထက် ပိုမိုဝင်ရောက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ မျှော်မှန်းထားသည်။ယင်းပြင် မြန်မာနိုင်ငံသားများ ပြည်ပခရီး သွားရောက်လည်ပတ်မှုတွင် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့ အများဆုံး သွားရောက်လျက် ရှိကြကြောင်း သိရသည်။မြန်မာ-ထိုင်းနှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် ရခဲ့ခြင်းနှင့် စရိတ်နည်း လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲလာခြင်းကြောင်း ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ခရီးသွားများ သွားရောက်မှု မြင့်တက်လျက် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။မြန်မာ-ထိုင်းနှစ်နိုင်ငံ ခရီးသွားများ ဗီဇာလျှောက်ထားရန် မလိုဘဲ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်မှာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်တွင် စတင်ခဲ့ပြီး၊ အလည်အပတ် ခရီးသွားများ အနေနှင့် ဗီဇာလျှောက်ထားရန် မလိုတော့ဘဲ ၁၄ ရက်အထိ လည်ပတ်နိုင်မည်ဖြစ်သည်။ ယင်းပြင် ရန်ကုန်-ဘန်ကောက် ခရီးစဉ် ပျံသန်းနေသည့် စရိတ်နည်း လေကြောင်းလိုင်းများလည်း တိုးချဲ့ ပြေးဆွဲလာခြင်းကြောင့် ဗီဇာကင်းလွတ်ခွင့် ရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ခရီးသွားများ ထိုင်းနိုင်ငံသို့ သွားရောက်မှုမှာ ရာခိုင်နှုန်း ၆၀ ခန့် မြင့်တက်လာကြောင်း သိရသည်။လက်ရှိတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံ ပျံသန်းလျက်ရှိသော ပြည်တွင်းလေကြောင်းလိုင်း တစ်ခုနှင့် ထိုင်းလေကြောင်းလိုင်း လေးခုမှ နေ့စဉ် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား ၁၆ ကြိမ်၊ ဘန်ကောက်-ရန်ကုန် ခရီးစဉ်အား ၁၆ ကြိမ် ပျံသန်းလျက်ရှိပြီး ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်နှင့် ဒွန်မောင်းလေဆိပ်များသို့ ခရီးစဉ်များ ပျံသန်းလျက်ရှိသည်။
ရွေးကောက်ပွဲပြီးချိန်မှ စ၍ မြန်မာနိုင်ငံသို့ အမေရိကန်၊ ယူကေနှင့် သြစတြေးလျနိုင်ငံများမှ ခရီးသွား ဝင်ရောက်မှု များပြား










