တရုတ်နိုင်ငံကို သစ်ရောင်းချခွင့်၊ သစ်စိုက်ပျိုးခွင့်နှင့် နယ်စပ်ဖြတ်ကျော် သစ်ကုန်သွယ်မှု တရားဝင်ဖြစ်ရန် ခွင့်ပြုမည့် နားလည်မှု စာချွန်လွှာရေးထိုးရေး ဆောင်ရွက်နေမှုများမှာ ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် အချိန်မတိုင်သေးကြောင်းနှင့် မြန်မာ့အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ခွင့်အတွက် လက်မှတ်ထိုးသည့် အဖွဲ့အစည်းပေါင်း ၁၄၀ ခန့် ရှိလာတရုတ်နိုင်ငံနှင့် သစ်တရားဝင် ရောင်းချမှုအတွက် နားလည်မှု စာချွန်လွှာ ရေးထိုးရန် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရများအကြား ကြိုးပမ်းမှုမှာ အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်ခွင့် ရှိမနေသည့်အပြင် ဆွေးနွေးပွဲများ၌ မြန်မာနိုင်ငံသားဟူ၍ အစိုးရအဖွဲ့ဝင်များသာ ပါဝင်နေသည်မှာ အချိန်မတိုင်သေးကြောင်းနှင့် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန် တောင်းဆိုမှု အနေဖြင့် အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို ငွေကြေးထောက်ပံ့နေသည့် အဖွဲ့အစည်းဖြစ်သည့် Global Environmental Institute ၏ Blue Moon Fund သို့ စာရေးသားပေးပို့ တောင်းဆိုသွားမည့် လှုပ်ရှားမှုအတွက် ပါဝင်တောင်းဆိုမည့် အဖွဲ့အစည်းပေါင်း ၁၄၀ ခန့် ရှိလာပြီဖြစ်ကြောင်း အဆိုပါ Campaign ကို ပါဝင်လှုပ်ရှားသူများထံမှ ဇန်နဝါရီ ၁၀ ရက်တွင် သိရသည်။Blue Moon Fund တာဝန်ရှိသူများသို့ ဇန်နဝါရီ ၁၀ ရက်တွင် အရပ်ဘက် အဖွဲ့အစည်းများ၏ စိုးရိမ်ချက်များနှင့် ပတ်သက်၍ စာရေးသားပေးပို့ရန် မျှော်မှန်းထားသည့် အစီအစဉ်အတွက် ဇန်နဝါရီ ၁၀ ရက် နံနက်အထိ အရပ်ဘက် အဖွဲ့အစည်း ၁၃၆ ဖွဲ့က ထောက်ခံလက်မှတ် ရေးထိုးထားပြီးဖြစ်ကာ ဇန်နဝါရီ ၁၀ ရက် ည ၁၂ နာရီအထိ စောင့်ဆိုင်းသွားမည် ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။“အခုလုပ်နေတာက နှစ်ဖက်အစိုးရပဲ တွေ့ဆုံဆွေးနွေးတာ ဖြစ်တဲ့အတွက် ပွင့်လင်း မြင်သာမှု မရှိဘူးလို့ မြင်တယ်။ အားလုံးကလည်း ဒီလိုမျိုး လုပ်တယ်ဆိုရင် ပြဿနာတွေ ဖြစ်လာနိုင်တယ် ဆိုပြီးတော့ အကုန်လုံး ပါဝင်ခွင့်အတွက် လုပ်ပေးပါလို့ တောင်းဆိုလာတဲ့အတွက် လုပ်ပေးတာ ဖြစ်ပါတယ်။ Blue Moon Fund ကတော့ နှစ်ဖက်အစိုးရ အဖွဲ့တွေ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ပံ့ပိုးပေးတဲ့ အဖွဲ့ပေါ့။ တရားဝင် ဖြစ်လာမယ်ဆိုရင်တော့ အခုလိုမျိုး အဖွဲ့အစည်းတွေ ပိုပြီးတော့ ပါဝင်မှု ရလာမယ်ဆိုရင် သူတို့နဲ့ ညှိနှိုင်းပြီးတော့ ဘယ်လိုအကာအကွယ် ပေးနိုင်မလဲ။ ဘယ်လို တောင်းဆိုမလဲ ဆိုတာကို အားလုံးပြောဆို ဆွေးနွေးလို့ရမယ်။ တကယ်လို့ ဒီနှစ်ဦး နှစ်ဖက်ကပဲ ဆွေးနွေးပြီးပြီးသွားမယ်ဆိုရင် ဘာမှမသိလိုက်ဘဲနဲ့ ပြီးသွားမှာ ဖြစ်တဲ့အတွက် အားလုံးက ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ပေးပါလို့ ပြောတဲ့သဘောပါ” ဟု အရပ်ဘက် အဖွဲ့အစည်း တစ်ခုမှ မထက်ထက်က ဆိုသည်။ယခုအချိန်တွင် သစ်ခွဲစိတ်၊ သစ်ချောထည် လုပ်ငန်းများနှင့် စိုက်ခင်းလုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရန် မြန်မာ-တရုတ် နှစ်ဦးသဘောတူ နားလည်မှု စာချွန်လွှာ ပြင်ဆင်ထားပြီး ဖြစ်နေသည်။“ဒီကိစ္စက ဆွေးနွေးခဲ့တာ ကြာပေါ့။ ကြာပေမယ့် အရပ်ဘက် အဖွဲ့အစည်းတွေက လုံးဝပါဝင်ခွင့် မရှိဘူး။ တဖြည်းဖြည်းနဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်သူက အပြင်က နိုင်ငံခြားသားတွေ ဖြစ်နေတယ်။ မြန်မာဆိုလို့ အစိုးရဘက်ကပဲ ပါတယ်။ အဲဒီလို တဖြည်းဖြည်းနဲ့ ဆိုးလာတာ မြန်မာဘက်က သစ်ကိုရောင်းချမယ်။ သစ်ကို ရောင်းချတဲ့အခါမှာ အချောထည် မဟုတ်ဘဲ သစ်လုံးကို အလုံးပြတ် သယ်မယ်ဆိုတာမျိုး ဖြစ်လာတယ်။ အဲဒီလိုလုပ်ပြီးရင် မြန်မာနိုင်ငံမှာ သစ်ပြန်စိုက်ပေးရမယ်။ အဲဒီလို သစ်စိုက်ရမယ်ဆိုတော့ သစ်စိုက်ခင်းပါ ဖြစ်လာမယ့် သဘောပေါ့” ဟု ဒေါ်ခွန်ဂျာက ဆိုသည်။မြန်မာဘက်မှ သစ်အလုံးလိုက် တင်ပို့မှုကို ပိတ်ပင်ထားသဖြင့် တရုတ်ရင်းနှီး မြှုပ်နှံသူများအနေနှင့် သစ်အလုံးလိုက် မဟုတ်ဘဲ သစ်ခွဲသား၊ သစ်ချောထည် လုပ်ငန်းများတွင်သာ ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သော်လည်း တရားဥပဒေ စိုးမိုးမှု အပိုင်းအရ ကြည့်မည်ဆိုလျှင် မြေယာနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ရပိုင်ခွင့်များ၊ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များကြား အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပဋိပက္ခများကို ထည့်သွင်း စဉ်းစားထားခြင်း မရှိကြောင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြေယာသိမ်းဆည်းခြင်းနှင့် ပတ်သက်သည့် ပြဿနာများ ပေါ်ပေါက်ခဲ့ဖူးသဖြင့် ယခုကဲ့သို့ သစ်အချောထည်စက်ရုံ လုပ်ငန်းများ အထူးသဖြင့် စိုက်ခင်းများ တည်ထောင်ခြင်းဖြင့် အလားတူ မြေယာပြဿနာ များအပြင် ပိုမိုဆိုးရွားသော ပြဿနာများ ပေါ်ပေါက်လာမည်ကိုလည်း ပူပန်စိုးရိမ်မှုများစွာ ဖြစ်မိကြောင်း Blue Moon Fund မှ တာဝန်ရှိသူများထံသို့ ပေးပို့မည့်စာတွင် ထည့်သွင်း ရေးသားထားသည်။၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ Close Forest ဟုခေါ်ဆိုသည့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ပိန်းပိတ်နေသည့် သစ်တောကောင်းများကို လေ့လာခဲ့ရာ ၁၀ နှစ်အတွင်း သစ်တောဆုံးရှုံးမှုမှာ ဟက်တာပေါင်း ၂ ဒသမ၂ ဘီလျံကျော် ရှိသည်ဟု စိမ်းလန်းအမိမြေ၏ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြားသည်။ ထိုသို့ ပြုန်းတီးရာတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အစရှိသည့် ဒေသများမှာ သစ်တောပြုန်းတီးမှု အများဆုံး ဖြစ်နေသည်။၂၀၀၂ ခုနှစ်တွင် လေ့လာချက်အရ သစ်တော ဟက်တာပေါင်း ၁၈၆၂၉၃၀၉ ဒသမ ၂၅ ရှိပြီး ၂၀၁၃ ခုနှစ်တွင် သစ်တော ဟက်တာပေါင်းမှာ ၁၆၃၄၉၃၀၈ ဒသမ ၁၆ သာကျန်ရှိတော့ပြီး သစ်တော ဆုံးရှုံးမှု ပမာဏမှာ ၂၂၈၀၀၀၁ ဒသမ ၀၀၉ အထိ ဖြစ်ပေါ်နေပြီး စုစုပေါင်း သစ်တောဆုံးရှုံးမှုမှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။တရားမဝင်နှင့် တရားဝင် သစ်ခုတ်မှုများကြောင့် ၂၀၀၂ ခုနှစ်တွင် ၂၅၆၀၅၉၁၂ ဒသမ ၅၁ ဟက်တာမှ ၂၀၁၃ ခုနှစ်တွင် ၂၅၇၁၁၃၁၈ ဒသမ ၅၂ သာကျန်ရှိတော့ပြီး ၁၁ နှစ်အတွင်း ၁၀၅၄၀၆ ဒသမ ၀၁ ဟက်တာ လျော့နည်းသွားကာ ရော်ဘာ၊ ဆီအုန်းစသည့် သစ်တောများ အစားထိုး စိုက်ပျိုးရန် ခုတ်ယူမှုကြောင့် ဟတ်တာပေါင်း ၅၇၀၉၄၅ ဒသမ ၇၅ ဟတ်တာ ဆုံးရှုံးခဲ့ကြောင်း ဦးဝင်းမျိုးသူက ဆိုသည်။တရုတ်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံမှ သစ်များခိုးထုတ်နေသဖြင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း သစ်အလုံးလိုက် ခိုးထုတ်မှုမှ အမေရိကန်ဒေါ်လာ ၂ဒသမ ၇ ဘီလျံဖိုးခန့် အကျိုးအမြတ် ရရှိခဲ့ကာ တမလန်းသစ်များ ခိုးထုတ်၍ လက်လီနှင့် သစ်အချောထည်အဖြစ် ပြောင်းလဲနိုင်မှုကြောင့် ၂၀၁၄ ခုနှစ် တစ်ခုတည်းမှာပင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလျံဖိုးခန့်အထိ အကျိုးအမြတ် ရရှိနိုင်ကြောင်း EIA မှ တွက်ချက်ထားသည်။ ထို့ပြင် မြန်မာ့သစ်များ ခိုးထုတ်၍ တရုတ်နိုင်ငံ အတွင်းရှိ သစ်များအား ထိန်းသိမ်းနိုင်ခဲ့မှုကြောင့် စက်တင်ဘာ ၇ ရက်က ထုတ်ပြန်သည့် FAO ၏ ကမ္ဘာ့သစ်တော ပြန်လည်ဖုံးလွှမ်းမှု မြင့်တက်သည့် နိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံက ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာ့သစ်တော အများဆုံး ပြုန်းတီးနေသည့် နိုင်ငံများစာရင်းတွင် ကမ္ဘာ့သစ်တော ပြုန်းတီးမှု အဆိုးဆုံး နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံကို သစ်ရောင်းချခွင့်၊ သစ်စိုက်ပျိုးခွင့်နှင့် နယ်စပ်ဖြတ်ကျော် သစ်ကုန်သွယ်မှု တရားဝင်ဖြစ်ရန် ခွင့်ပြုမည့် နားလည်မှု စာချွန်လွှာရေးထိုးရေး ဆောင်ရွက်နေမှုများမှာ ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် အချိန်မတိုင်သေးကြောင်းနှင့် မြန်မာ့အရပ်ဘက် အဖွဲ့အစည










