၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ နှစ်ပေါင်း ၂၀ အတွင်း တိုင်းနှင့်ပြည်နယ်အလိုက် နိုင်ငံသား လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ ကျပ် ၅၃၄၅ ဘီလျံကျော်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် မြှုပ်နှံလုပ်ကိုင်မှု အများဆုံးဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာအရ သိရသည်။ တိုင်းနှင့်ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြရာတွင် ရန်ကုန်တိုင်း ဒေသကြီးတွင် မြှုပ်နှံမှုပမာဏ ကျပ် ၂၄၅၉ ဘီလျံကျော်၊ မန္တလေးတိုင်း ဒေသကြီးတွင် ကျပ် ၇၃၄ ဘီလျံကျော်၊ နေပြည်တော်တွင် ကျပ် ၃၈၂ ဘီလျံကျော်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ကျပ် ၃၂၈ ဘီလျံကျော်၊ ရှမ်းပြည်နယ်တွင် ကျပ် ၂၉၆ ဘီလျံကျော်၊ ပဲခူးတိုင်း ဒေသကြီးတွင် ကျပ် ၂၉၅ ဘီလျံကျော်၊ မွန်ပြည်နယ်တွင် ကျပ် ၂၁၁ ဘီလျံကျော်၊ ကယားပြည်နယ်တွင် ကျပ် ၁၇၇ ဘီလျံကျော်၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ကျပ် ၁၃၂ ဘီလျံကျော်၊ ကချင်ပြည်နယ်တွင် ကျပ် ၁၀၂ ဘီလျံကျော်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ကျပ် ၅၃ ဘီလျံကျော်၊ ရခိုင်ပြည်နယ်တွင် ကျပ် ၄၉ ဘီလျံကျော်၊ မကွေးတိုင်း ဒေသကြီးတွင် ကျပ် ၁၁၀ ဘီလျံကျော်နှင့် ကရင်ပြည်နယ်တွင် ကျပ် ၁၀ ဘီလျံကျော် အသီးသီး မြှုပ်နှံမှုပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံသား လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ယာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သတ္တုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ စက်မှုဇုန် တည်ဆောက်မှုကဏ္ဍ၊ လယ်ယာကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများတွင် ဝင်ရောက် မြှုပ်နှံခွင့် ပြုထားကြောင်း သိရသည်။နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်လိုပါက အဆိုပြု လုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်သို့ တင်ပြလျှောက်ထားကြပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အဆိုပြု လုပ်ငန်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထား မှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင် အစည်းအဝေးမှ စိစစ်ခွင့်ပြုနေခြင်း ဖြစ်ကြောင်း သိရသည်။နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန်များတွင် ဝင်ရောက်မြှုပ်နှံမှုများအပြင် ပြည်ပနိုင်ငံများနှင့် ပူးပေါင်း၍ ဖက်စပ်ရင်းနှီး မြှုပ်နှံမှုများကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ နှစ်ပေါင်း ၂၀ အတွင်း တိုင်းနှင့်ပြည်နယ်အလိုက် နိုင်ငံသား လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၅၃၄၅ ဘီလျံကျော်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် မြှုပ်နှံမှု အများဆုံးဖြစ်










