မြန်မာနိုင်ငံတွင် ရွှေဗဟိုဈေးကွက် လုပ်ကိုင်ရန် နိုင်ငံတော် သမ္မတကြီးက မူအားဖြင့် ခွင့်ပြုခဲ့ပြီး မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဇန်နဝါရီ ၈ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သည့် ရွှေရောင်းဝယ်ရာတွင် ဖြစ်ပေါ်တတ်သည့် မှုခင်းဆိုင်ရာ ဥပဒေ အသိပညာပေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက ပြောကြားသည်။“၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ နိုင်ငံတော် သမ္မကြီး အနေနဲ့ ရွှေဗဟိုဈေးကွက် စီမံကိန်းကို အောင်မြင်အောင် လုပ်ကိုင်ဖို့ မူအားဖြင့် ခွင့်ပြုခဲ့ပါတယ်။ ဒီစီမံကိန်းကို မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီက ဖော်ဆောင် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ပြည်ထဲရေး ဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာန၊ စီးပွားကူးသန်း ဝန်ကြီးဌာန၊ ဗဟိုဘဏ်နဲ့ ဘဏ္ဍာအခွန် ဝန်ကြီးဌာနတို့နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဗဟိုဘဏ်နဲ့အတူ အခြား Desinated Bank တွေနဲ့ ချိတ်ဆက်လုပ်ကိုင်ပြီး မြန်မာရွှေ ဗဟိုဈေးကွက် စီမံကိန်းရဲ့ လုံခြုံရေးသည်လည်း အထူးပဲ လိုအပ်မှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။ရွှေဗဟိုဈေးကွက်နှင့် ပတ်သက်၍ သတ္တုတွင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်က “ရွှေဗဟိုဈေးကွက် တည်ဆောက်ရန် ရောင်းဝယ်မှုစနစ် အကောင်အထည်ဖော်ရန် စံညွှန်းသတ်မှတ်ရန် တို့အတွက် လုံခြုံမှုရှိသော ဈေးကွက်တည်နေရာ၊ လုံခြုံမှုရှိသော နိုင်ငံတကာ ရောင်းဝယ်မှု ပုံစံအတိုင်း လုပ်ငန်းရှင်နှင့် ပြည်သူတို့အား ရောင်းဝယ်မှု အလေ့အကျင့်၊ တစ်မျိုးတည်းသော စံချိန်စံညွှန်းတို့ကို အကောင် အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု စက်တင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ Panda ဟိုတယ်၌ ပြုလုပ်သည့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း၏ ၁၃ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားထားသည်။ဆက်လက်၍ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း၏ တွဲဖက်အတွင်းရေးမှူး (၄) ဖြစ်သူ ဦးအုန်းမြိုင်က “ဒီဈေးကွက်ကို အကောင်အထည် ဖော်ဖို့ဆိုရင် အရောင်းအဝယ်လုပ်မယ့် နေရာကအစ လုံခြုံစိတ်ချရတဲ့ နေရာကို ရွေးရမှာပါ။ ရွှေအရောင်းအဝယ်လုပ်မယ့် စနစ်ဆိုရင်လဲ ဘဏ်နဲ့ချိတ်ဆက်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဈေးကွက်နဲ့ ပတ်သက်လို့ ဟောင်ကောင်တို့၊ Bank of China တို့၊ ပြီးတော့ ရှန်ဟိုင်း စတော့ဈေးကွက်တို့မှာ လေ့လာမှုတွေ သွားလုပ်ပြီးပါပြီ။ ဈေးကွက်ရဲ့ ပုံစံကတော့ စတော့ရှယ်ယာ ရောင်းဝယ်တဲ့ပုံစံ နည်းနည်းဆန်သွားမယ်။ တကယ်တမ်းကတော့ တိုက်ရိုက် သွားချင်ပေမယ့် ဒီကလူတွေက ဒီစနစ်နဲ့ ကျွမ်းဝင်မှု မရှိမှာ စိုးတဲ့အတွက် တစ်ဆင့်ချင်း သွားမှာပါ” ဟု ပြောကြားသည်။ရွှေဗဟို ဈေးကွက်တွင် ဝင်ရောက်အရောင်းအဝယ် ပြုလုပ်လိုသူများ အနေဖြင့် မိမိတို့ အရောင်းအဝယ် ပြုလုပ်လိုသည့် ငွေပမာဏကို Deposit တင်ရမည့် စနစ်ပါဝင်မည် ဖြစ်သဖြင့် အရောင်းအဝယ် ပြုလုပ်နေစဉ်အတွင်း ငွေကြေးလိမ်လည်မှုနှင့် ရောင်းမှားဝယ်မှားဆိုင်ရာ ကိစ္စများကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရွှေဗဟိုဈေးကွက် လုပ်ကိုင်ရန် သမ္မတက မူအားဖြင့် ခွင့်ပြုခဲ့ပြီး မြန်မာရွှေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေ










