ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်နှင့် နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီမှ လွှဲပြောင်းရောင်းချပြီးသော မြေ၊ အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်များအပေါ် အခွန်စည်းကြပ်ရာတွင် တစ်နိုင်ငံလုံး အနေဖြင့် အမှုပေါင်း ၁၁၆၃ မှုကျန်ရှိနေပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ၇၆၈ မှုဖြင့် အများဆုံး ကျန်ရှိနေ
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်နှင့် နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီမှ လွှဲပြောင်းရောင်းချထားသော မြေ၊ အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်များအပေါ် အခွန်စည်းကြပ်ရာတွင် တစ်နိုင်ငံလုံး အနေဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်အထိ အမှုပေါင်း ၁၁၆၃ မှုကျန်ရှိနေပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ၇၆၈ မှုဖြင့် အများဆုံး ကျန်ရှိနေကြောင်း အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်မှ အမှုအရေအတွက် ၇၇၃ ခု၊ နိုင်ငံပိုင်မှ ၈၃၁ ခုရှိ ကြောင်း၊ ဆောင်ရွက်ရန် ကျန်ရှိနေမှုများ အနေဖြင့် ပုဂ္ဂလိကမှ ၅၇၁ မှု၊ နိုင်ငံပိုင် ကဏ္ဍမှ ၅၉၂ မှုဖြစ်ကာ စုစုပေါင်း အနေဖြင့် ၁၁၆၃ မှု ကျန်ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ကော်မတီ၏ အစီရင်ခံစာတွင် ရန်ကုန်တိုင်း ဒေသကြီး၌ ပုဂ္ဂလိကမှ ၂၉၇မှု ရှိသည့်အနက် ဆောင်ရွက်ပြီးစီးမှုမှာ ၃၃ မှုသာ ရှိသည့်အတွက် ၂၆၄ မှု ကျန်ရှိနေသေးကြောင်း၊ နိုင်ငံပိုင်မှ အမှုပေါင်း ၆၉၃ မှု ရှိသည့်အနက် ၁၈၉ မှုသာ ဆောင်ရွက်ပြီးသည့်အတွက် ၅၀၄ မှု ကျန်ရှိနေကြောင်း၊ ထို့အတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် ဆောင်ရွက်ရန် ကျန်ရှိသည့် အမှုပေါင်း ၇၆၈ မှုရှိကြောင်း ဖော်ပြထားသည်။၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်အထိ ပုဂ္ဂလိပိုင် ပြုလုပ်ရေး ကော်မရှင်နှင့် နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီမှ လွှဲပြောင်းရောင်းချပြီးသော မြေနှင့်အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်များအပေါ် အခွန်စည်းကြပ်ပြီးစီးမှု အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ပုဂ္ဂလိကမှ ဝင်ငွေခွန်/အမြတ်ခွန် ကျပ်သန်း ၄၃၈၁ ဒသမ ၉၀၁၊ နိုင်ငံပိုင်မှ ကျပ်သန်း ၁၄၅၄၅ ဒသမ ၀၃၅ စည်းကြပ်ပြီးကြောင်း အစီရင်ခံစာအရ သိရသည်။ရန်ကုန်တိုင်း ဒေသကြီးမှ တံဆိပ်ခေါင်းခွန်အဖြစ် ပုဂ္ဂလိကမှ ကျပ်သန်း ၄၂ ဒသမ ၁၇၅၊ နိုင်ငံပိုင်မှ ကျပ်သန်း ၂၉၆ ဒသမ ၄၄၆ ကောက်ခံရရှိကြောင်း သိရသည်။တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ငွေခွန်/အမြတ်ခွန်အဖြစ် ပုဂ္ဂလိကမှ ကျပ်သန်း ၅၅၉၅ ဒသမ ၆၄၅၊ နိုင်ငံပိုင်မှ ကျပ်သန်း ၁၅၁၆၃ ဒသမ ၀၈၂၊ တံဆိပ်ခေါင်းခွန်အဖြစ် ပုဂ္ဂလိကမှ ကျပ်သန်း ၅၉၆ ဒသမ ၇၉၉၊ နိုင်ငံပိုင်မှ ကျပ်သန်း ၅၁၇ ဒသမ ၆၇၉ ကောက်ခံရရှိကြောင်း၊ ဝင်ငွေခွန်/အမြတ်ခွန်နှင့် တံဆိပ်ခေါင်းခွန်မှ ကောက်ခံရရှိသည့် အခွန်ငွေ စုစုပေါင်းသည် ကျပ်သန်း ၂၁၈၇၃ ဒသမ ၂၀၅ ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်နှင့် နိုင်ငံပိုင် သိမ်းဆည်းထားသော အိမ်ရာစီမံကိန်း အဆောက်အအုံများနှင့် မြေကွက်များ ရောင်းချမှုအပေါ် နှစ်ကာလ ကြာမြင့်စွာ အကြွေးများ ကျန်ရှိနေခြင်းသည် မဖြစ်သင့်ကြောင်း၊ ဘဏ်ချေးငွေ ရရှိမှသာ ငွေပေးချေမည်ဟူသည့် ကတိကဝတ်မှာ လိုက်လျောလွန်းရာ ရောက်ကြောင်း၊ အရေးယူမှု အပိုင်းတွင် အားနည်းလျက်ရှိသည်ဟု သုံးသပ်ရကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်နှင့် နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီမှ လွှဲပြောင်းရောင်းချပြီးသော မြေ၊ အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်များအပေါ် အခွန်စည်းကြပ်ရာတွင် တစ်နိုင်ငံလုံး အနေဖြင့် အမှုပေါင်း ၁၁၆၃ မှုကျန်ရှိနေပ










