ဗဟိုဘဏ်၏ သတ်မှတ်တစ်ဒေါ်လာလဲနှုန်း ၁၃၀၃ ကျပ်ရှိပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ၁၂၉၃ ကျပ်ဝန်းကျင်ဖြင့် အကျဘက်သို့ ဆက်လက်ဦးတည်နေ

ဗဟိုဘဏ်၏ သတ်မှတ်တစ်ဒေါ်လာလဲနှုန်း ၁၃၀၃ ကျပ်ရှိပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ၁၂၉၃ ကျပ်ဝန်းကျင်ဖြင့် အကျဘက်သို့ ဆက်လက်ဦးတည်နေ
Published 7 January 2016
အောင်မြတ်ကို

ဇန်နဝါရီ ၇ ရက် ဗဟိုဘဏ်၏ သတ်မှတ် တစ်ဒေါ်လာလဲနှုန်း ၁၃၀၃ ကျပ်ရှိပြီး ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း အကျဘက်သို့ ဆက်လက်ဦးတည်နေကြောင်း သိရသည်။
ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဇန်နဝါရီပထမပတ် ၁ ရက်တွင် တစ် ဒေါ်လာလဲနှုန်း ၁၂၉၉ ကျပ်ဝန်းကျင်မှစ၍ ဇန်နဝါရီ ၅ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၉၇ ကျပ်သို့ ကျဆင်းခဲ့ပြီး ဇန်နဝါရီ ၆ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၉၆ ကျပ် သို့လည်းကောင်း၊ ဇန်နဝါရီ ၇ ရက်တွင် တစ် ဒေါ်လာလဲနှုန်း ၁၂၉၃ ကျပ်ဝန်းကျင်သို့ ဆက်တိုက်ကျဆင်းနေပြီး ငွေလဲနှုန်း အကျ ဘက်သို့ ဆက်လက်ဦးတည် နေလျက်ရှိသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၇ ရက် ဗဟို ဘဏ်၏ သတ်မှတ်ဒေါ်လာ ရည်ညွှန်းငွေလဲ နှုန်းနှင့် ပြင်ပဈေးကွက်ရှိ ငွေလဲနှုန်းသည် ကျပ် ၁၀ ဝန်းကျင်ကွာဟလျက်ရှိပြီး ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာလဲနှုန်း လျှော့ချသတ်မှတ်ခြင်းနှင့်အတူ ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် လိုက်ပါကျဆင်းနေကြောင်း သိရသည်။
ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်း ငွေလဲနှုန်းသည် ဇန်နဝါရီ ၁ ရက် တစ်ဒေါ်လာ သတ်မှတ်နှုန်းမှာ ၁၃၀၇ ကျပ်၊ ဇန်နဝါရီ ၅ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၃၀၅ ကျပ်မှ ဇန်နဝါရီ ၆ ရက်နှင့် ၇ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၃၀၃ ကျပ်သို့ တစ်ရက်လျှင် နှစ်ကျပ်နှုန်း လျှော့ချသတ်မှတ်ထားသည်။ 
ဇန်နဝါရီ ၇ ရက် နိုင်ငံခြားငွေကြေး လေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာလျှင် ၁၃၀၃ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ နှစ်သန်းကို ရောင်းချခဲ့သည်။ ဗဟိုဘဏ်မှ ဇန်နဝါရီ ပထမပတ်အတွင်း ၁ ရက်နှင့် ၅ ရက်တွင် စုစုပေါင်း ဒေါ်လာသုံးသန်းကို ရောင်းချခဲ့ပြီး ဇန်နဝါရီ ၆ ရက်တွင် ဒေါ်လာတစ်သန်းကို နိုင်ငံခြားငွေကြေး လေလံမှ ပြန်လည်ဝယ်ယူခဲ့သည်။
ဇန်နဝါရီ ၇ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြား ငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၃၀၃ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၉၃ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၀ ကျပ် ဝန်းကျင်၊ စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၁၀ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၉၀၃ ကျပ်ဝန်းကျင် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၃၉၈ ကျပ်ဝန်းကျင်၊ ဝယ်ဈေး  ၁၃၈၈ ကျပ်ဝန်းကျင်တွင် ရှိနေသည်။
ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ ငွေလဲကောင်တာတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၀၃ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၁ ကျပ်ဝန်းကျင်တွင် ရှိနေသည်။

Most Read

Most Recent