၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့၌ ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်လိုင်းများတွင် ယာဉ်လိုင်းပြေးဆွဲချိန်အတွင်း ယာဉ်မတော်တဆမှု ရာခိုင်နှုန်း ၇၀ နှင့် ယာဉ်လိုင်းပြေးဆွဲချိန် ပြင်ပ၌ ဖြစ်ပွားသည့် ယာဉ်မတော်တဆမှု ရာခိုင်နှုန်း ၃၀ ရှိခဲ့ကြောင်း မထသ (ဗဟို) မှ ထုတ်ပြန်ချက်အရ သိရသည်။ထိုသို့ ခရီးသည်တင် ယာဉ်လိုင်းများတွင် ယာဉ်လိုင်းပြေးဆွဲချိန် အတွင်းနှင့် ပြေးဆွဲချိန် ပြင်ပ ယာဉ်မတော်တဆမှု ဖြစ်ပွားသည့် အခြေအနေများကို ၂၀၁၅ ခုနှစ်အတွင်း ပထမဆုံး စတင် စာရင်းပြုစုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“အရင်တော့ ဒီလိုမျိုး စာရင်းတွေကို ပြု စုခဲ့တာ မရှိခဲ့ဘူး။ ၂၀၁၅ ခုနှစ်အတွက် ပထမဆုံး ပြုစုခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ယာဉ်မတော်တဆမှု အနေနဲ့ ယာဉ်လိုင်း ပြေးဆွဲနေချိန်မှာ ရာခိုင်နှုန်း ၇၀ ဖြစ်ပြီး လိုင်းချိန်ပြင်မှာဖြစ်တဲ့ ယာဉ်မတော်တဆမှုက ရာခိုင်နှုန်း ၃၀ ဖြစ်ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် ယာဉ်လိုင်း အချိန်တွင်းမှာ ပြေးဆွဲတဲ့ယာဉ်တွေ အများကြီး ရှိတဲ့အတွက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ လိုင်းချိန်ပြင်ပမှာ အောက်ဆိုက်သဘောမျိုး အပိုဝင်ငွေရအောင် ပြေးဆွဲတဲ့အချိန်မှာ ယာဉ်အစီးရေလည်း နည်းတယ်။ ဒါကို မတော်တဆမှုက ရာခိုင်နှုန်း ၃၀ လောက် ဖြစ်နေတာ” ဟု မထသ (ဗဟို) ၏ တွဲဖက်အတွင်းရေးမှူး ဦးမောင်မြို့က ပြောကြားသည်။အလားတူ ၂၀၁၅ ခုနှစ်အတွင်း ခရီးသည်တင် ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံးမှု အခြေအနေမှာ အကြမ်းဖျင်း ယာဉ်လိုင်းပြေးဆွဲနေချိန်အတွင်း ရာခိုင်နှုန်း ၆၀ နှင့် ယာဉ်လိုင်းပြေးဆွဲချိန် ပြင်ပတွင် ရာခိုင်နှုန်း ၄၀ ရှိနေကြောင်း၊ ဒဏ်ရာရရှိမှု အနေဖြင့်လည်း ယာဉ်လိုင်းပြေးဆွဲချိန်အတွင်း ရာခိုင်နှုန်း ၇၀ နှင့် ယာဉ်လိုင်းပြေးဆွဲချိန် ပြင်ပတွင် ရာခိုင်နှုန်း ၃၀ ရှိနေကြောင်း မထသ (ဗဟို) မှရရှိသော စာရင်းများအရ သိရသည်။ထိုသို့ ယာဉ်လိုင်းပြေးဆွဲချိန် ပြင်ပ ဖြစ်ပွားနေသည့် ယာဉ်မတော်တဆမှုများကို လျော့နည်းစေရန်အတွက် ပညာပေးခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မထသ (ဗဟို) တွဲဖက်အတွင်းရေးမှူး ဦးမောင်မြို့က ဆိုသည်။ယာဉ်လိုင်းပြေးဆွဲချိန် ပြင်ပ မတော်တဆမှု အနေဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ၂၃၅ ယာဉ်လိုင်းမှ ဘီအမ်ယာဉ် တစ်စီးသည် ဂိတ်ဖွင့်ပြေးဆွဲခြင်း မရှိဘဲ ဆူးလေမှ ဒဂုံမြောက်သို့ ပြေးဆွဲခဲ့ရာ ရွှေဂုံတိုင်လမ်းမကြီး၊ ငါးထပ်ကြီး ဘုရားမှတ်တိုင် အနီးတွင် ရှေ့မှမောင်းနှင်လာသော ကိုယ်ပိုင်ယာဉ်တစ်စီးအား ကျော်တက်စဉ် လမ်းလယ်မှ လမ်းဖြတ်ကူးသူ နှစ်ဦးအား တိုက်မိသဖြင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ၁၀၇ (ပြာ) မီနီဘတ်စ် ယာဉ်လိုင်းမှ ယာဉ်တစ်စီး ဂိတ်ဖွင့်ရန် တာမွေဂိတ်ရင်းသို့ သွားစဉ် ရွှေဂုံတိုင်လမ်းမကြီး၊ ငါးထပ်ကြီး ဘုရားနံဘေးလမ်းမှ ထွက်လာသော ကိုယ်ပိုင်ယာဉ်၏ နောက်ပိုင်းအား ဝင်တိုက်မိသဖြင့် ကိုယ်ပိုင်ယာဉ်ပေါ်ပါနှစ်ဦး ယာဉ်ပေါ်မှ ပြုတ်ကျကာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ထို့ပြင် ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့၌ ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းအား ခရီးသည်များထံမှ တိုင်ကြားမှု စုစုပေါင်း ၂၁၂၂ မှုရှိခဲ့ပြီး ယာဉ်စီးခ ပိုမိုတောင်းခံမှု ၁၉၈၅ မှု၊ ခရီးသွား ပြည်သူများအား မချေမငံ ပြန်လည်ဆက်ဆံမှု ၃၁၄ မှု၊ ဂိတ်စ ဂိတ်ဆုံး ပြေးဆွဲခြင်း မရှိမှု ၁၂၆ မှုနှင့် သတ်မှတ်ထားသည့် မှတ်တိုင်တွင် မရပ်မှု ၁၁၂ မှု စသည်တို့ဖြစ်ကြောင်း မထသ (ဗဟို) ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ ခရီးသည်တင် ယာဉ်လိုင်းများ ယာဉ်လိုင်းပြေးဆွဲချိန်အတွင်း ယာဉ်မတော်တဆမှု ရာခိုင်နှုန်း ၇၀ နှင့် ယာဉ်လိုင်းပြေးဆွဲချိန် ပြင်ပ၌ ယာဉ်မတော်တဆမှု ရာခိုင်နှုန်း ၃၀ ဖြစ်ပွား