၂၀၁၄ ခုနှစ်က သာကေတမြို့နယ်တွင် အပြန်အလှန်ခိုက်ရန်ဖြစ်ပွားခဲ့သည့် နာမည်ကြီးလူမိုက်အဖွဲ့နှစ်ဖွဲ့မှ ၁၃ ဦးအား အလုပ်နှင့်ထောင်ဒဏ်သုံးနှစ်ချမှတ်

၂၀၁၄ ခုနှစ်က သာကေတမြို့နယ်တွင် အပြန်အလှန်ခိုက်ရန်ဖြစ်ပွားခဲ့သည့် နာမည်ကြီးလူမိုက်အဖွဲ့နှစ်ဖွဲ့မှ ၁၃ ဦးအား အလုပ်နှင့်ထောင်ဒဏ်သုံးနှစ်ချမှတ်
Published 28 October 2015
အောင်မျိုးသန့်

၂၀၁၄ ခုနှစ်က သာကေတမြို့နယ်အတွင်း အပြန်အလှန်ခိုက်ရန်ဖြစ်ပွားခဲ့သည့် နာမည်ကြီးလူမိုက်အဖွဲ့နှစ်ဖွဲ့မှ ၁၃ ဦးအား အောက်တိုဘာ ၂၇ ရက်က သာကေတမြို့နယ် တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်သုံး နှစ်စီချမှတ်ခဲ့ ကြောင်း သာကေတမြို့နယ်တရားရုံးမှ သိရသည်။
အဆိုပါ နာမည်ကြီးလူမိုက်အဖွဲ့နှစ်ဖွဲ့ မှာ သာကေတမြို့နယ်ရှိ မြင့်အောင်(ခ) ကိုလေးအပါအဝင် နေလင်း၊ လှမြင့်(ခ)ပေါင်မုန့်နှင့် နေမျိုးအောင်အပါအဝင် ဝမ်းဝေး၊ မြင့်လွင်၊ ဇော်ဖြိုးအောင်၊ နေလင်းအောင်၊ အောင်သူ၊ မျိုးထက်အောင်၊ အေးကိုကို၊ ဇင်မင်းဦး၊ ဒီမိုး တို့ဖြစ်ကြောင်း၊ ၎င်းတို့ ၁၃ ဦး အား သာကေတမြို့နယ်တရားသူကြီးမှ သေစေလောက်သည့် လက်နက်ကို စွဲကိုင်ပြီး ရုန်းရင်း ဆန်ခတ်ကျူးလွန်မှု ပုဒ်မ- ၁၄၈ အရ အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်အပြင် ကောလာဟလ သတင်းကိုလွှင့်ပြီး ရုန်းရင်းဆန်ခတ်ကျူးလွန် မှုနှင့် နိုင်ငံတော်တရားဥပဒေစိုးမိုးရေး၊ ငြိမ်း ချမ်းရေးနှင့် အများပြည်သူကို စိုးရိမ်ထိတ်လန့် မှု ပုဒ်မ ၅၀၅ (ခ) အရ အလုပ်နှင့် ထောင်ဒဏ်  နှစ်နှစ်ချမှတ်ခဲ့ပြီး စုစုပေါင်းအလုပ်နှင့် ထောင် ဒဏ်သုံးနှစ်စီချမှတ်ခဲ့ကြောင်း သာကေတမြို့ နယ်တရားသူကြီးက ပြောကြားခဲ့သည်။
“ဒီအမှုကို ၂၀၁၄ခုနှစ် ၁၁ လပိုင်းက စတင်တရားစွဲဆိုခဲ့တယ်။ ကျန်ရှိနေသေးတဲ့ တရားခံပြေးငါးဦး ကိုတော့ ပြစ်မှုသေးအမှတ် ၂၄၀/၂၀၁၄ ဖြင့် တရားရုံးက ဖမ်းဝရမ်း ထုတ်ထားပါတယ်” ဟု သာကေတမြို့နယ် တရားသူကြီးက ဆက်လက်ပြောကြားသည်။
ယင်းဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ် ၂၈ ရက်က သာကေတမြို့နယ် ခိုင် ရွှေဝါလမ်း ၁၀/တောင်ရပ်ကွက်၌ မြင့်အောင် အပါအဝင် လူရှစ်ဦးနှင် နေမျိုးအောင် အပါအဝင် လူ ၁၃ ဦးတို့သည် အုပ်စုဖွဲ့ပြီး အပြန် အလှန်ခဲတွေနဲ့ပစ်ပေါက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ အများပြည်သူစိုးရိမ်ထိတ်လန့် ဖြစ်ပွားခဲ့သော အမှုဖြစ်ပြီး ၁၃ ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ကျန်ငါးဦးမှာ ထွက်ပြေးလွတ်မြောက် နေကြောင်း သိရသည်။
ယင်းအမှုကို တရားလိုဖြစ်သူ ရဲအုပ် ကိုကိုထွေးက ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက် တွင် သာကေတမြို့နယ်တရားရုံး၌ ပြစ်မှုကြီး အမှတ်  ၁၁၅၅/ ၂၀၁၅၊ ပုဒ်မ- ၁၄၇/၁၄၈/ ၅၀၅(ခ) တို့ဖြင့် တရားရုံး၌ စတင်တရားစွဲ ခဲ့ကြောင်း သိရသည်။          

Most Read

Most Recent