ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ပုသိမ်-ရန်ကုန်ကားလမ်းရှိ ဗိုလ်မြတ်ထွန်းတံထားပေါ်တွင် မျက်နှာချင်းဆိုင် မောင်းနှင်လာသော ကားနှစ်စီး တိုက်မှုကြောင့် တံတားတိုင်အမှတ် P-7 သံပေါင်နှုတ်ခမ်း တစ်ပေခန့် လန်သွားသောကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင် မှန်လုံယာဉ်များ ဖြတ်သန်းခွင့် ဇူလိုင် ၃၁ ရက်မှ စတင်ကာ ယာယီပိတ်ထားရကြောင်း သတင်းရရှိသည်။အဆိုပါ ယာဉ်တိုက်မှုမှာ ဇူလိုင် ၃၀ ရက် ညနေ ၇ နာရီခန့်တွင် ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ ယာဉ်မောင်း ဦးမျိုးလတ် မောင်းလာသော Hino အစိမ်းရောင် ကွန်တိန်နာ ၁၄ ဘီး မော်တော်ယာဉ်က မျက်နှာချင်းဆိုင်မှ မောင်းလာသော Max ll အဖြူရောင် မော်တော်ယာဉ်အား တံတားတိုင်အမှတ် P-7 နှင့် P-8 အကြား၌ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ဆက်လက်ပြီး Hino အစိမ်းရောင် ကွန်တိန်နာ ၁၄ ဘီးမော်တော်ယာဉ်မှ တံထားတိုင်အမှတ် P-7 သံပေါင်အား ဆက်လက်တိုက်မိခဲ့ပြီး သံပေါင်နှုတ်ခမ်း တစ်ပေခန့် လန်သွားကြောင်း ချောင်းကြီးနယ်မြေ ရဲစခန်းမှ သိရသည်။“နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနက စစ်ဆေးရေးအဖွဲ့ စစ်ဆေးပြီးမှ တံတားကြံ့ခိုင်မှုကို အတည်ပြုနိုင်မယ်။ အခုတော့ ကုန်တင်ယာဉ်နှင့် ခရီးသည်တင် မှန်လုံယာဉ် ဖြတ်သန်းဖို့ ယာယီပိတ်ထားတယ်။ မော်တော်ယာဉ်ငယ်တွေတော့ ခွင့်ပြုထားတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ဖြတ်သန်းသွားလာခွင့် ပိတ်ထားသော ကုန်တင်ယာဉ်နှင့် ခရီးသည်တင် မှန်လုံယာဉ်များမှာ ဧရာဝတီတံတား(ညောင်တုန်း)မှ ဖြတ်သန်းသွားလာလျက်ရှိကြောင်း ဆက်လက် သတင်းရရှိသည်။အဆိုပါ ယာဉ်တိုက်မှုမှ Hino အစိမ်းရောင် ကွန်တိန်နာ ၁၄ ဘီး မော်တော်ယာဉ်မောင်း ဦးမျိုးလတ်အား အမှုအမှတ် (ပ)၁၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ပုသိမ်-ရန်ကုန်ကားလမ်းရှိ ဗိုလ်မြတ်ထွန်းတံတားတွင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင် မှန်လုံယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား









