အီတလီစီးရီးအေပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 27 September 2023

ကာဂလီယာရီ - အေစီမီလန် (ဗုဒ္ဓဟူးည ၁၁း၀၀ နာရီ)

ရာသီမစတင်ကတည်းက ကာဂလီယာရီအသင်းကို တန်း တက်အသင်းတွေထဲမှာ အားအကောင်းဆုံးအသင်းလို့ သတ် မှတ်ခဲ့ကြတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရုန်းကန်နေရဆဲ ဖြစ်ပြီး တိုက်စစ်ကလည်း သွင်းဂိုး (၁)ဂိုးပဲ ရတဲ့အထိ ဆိုးရွား နေတယ်။ အေစီမီလန်က အင်တာမီလန်ကို ဂိုးပြတ်ရှုံးခဲ့တာ ကလွဲလို့ နိုင်သင့်တဲ့ပွဲတွေကို အနိုင်ကစားတယ်။ ရာဖေးလီယာ အိုက အရမ်းအားကိုးရပြီး ပူလီဆစ်၊ လော့ဖ်တပ်စ်ချိခ်တို့လို ကစားသမားတွေကလည်း အသင်းနဲ့ အလျှင်အမြန်အထိုင်ကျ ခဲ့တယ်။ အေစီမီလန် (၂-ဝ)ဂိုးလောက်နဲ့ နိုင်မယ်။

အမ်ပိုလီ - ဆလာနီတာနာ (ဗုဒ္ဓဟူးည ၁၁း၀၀ နာရီ)

အမ်ပိုလီက အခုရာသီမှာ အတော့်ကို ဆိုးရွားလွန်းတယ်။ တန်းဆင်းရမဲ့ ခြေစွမ်းမျိုးဖြစ်နေပြီး တိုက်စစ်ကလည်း တစ်ဂိုးမှ မသွင်းနိုင်သေးဘူး။ ဆလာနီတာနာကလည်း အားရစရာမရှိတဲ့ အသင်းပါ။ သရေကျဖို့များတယ်။

ဗီရိုနာ - အတ္တလန်တာ (ဗုဒ္ဓဟူးည ၁၁း၀၀ နာရီ)

ဗီရိုနာကို အသင်းကောင်းတစ်သင်းလို့ ဆိုနိုင်ပြီး ထိပ်သီး အသင်းတွေကို ဒုက္ခပေးနိုင်တဲ့ ခြေစွမ်းမျိုးလည်း ပိုင်ဆိုင်ထား တယ်။ အတ္တလန်တာက ဒီရာသီမှာ ပိုကောင်းလာတဲ့အသင်းဖြစ် ပေမဲ့ အဝေးကွင်းဆို ခံစစ်ကစားပုံ အားရစရာမရှိပါဘူး။ ဗီရိုနာ အနည်းဆုံး သရေရမယ်။

အင်တာမီလန် - ဆာဆူအိုလို (ကြာသပတေးနံနက် ၁း၁၅ နာရီ)

ဒီရာသီမှာ အင်တာမီလန်ကို စီးရီးအေရဲ့ အကောင်းဆုံးအသင်းလို့ ညွှန်းဆိုနိုင်ပြီး သူတို့ရဲ့ ကစားပုံကိုကြည့်ရင် ရှေ့၊ လယ်၊ နောက်အားနည်းချက်ရှာဖို့ခက်တယ်။ မားကပ်စ်သူရမ်က အချိန်တိုအတွင်း လော်တာရိုမာတီနက်ဇ်ရဲ့ အတွဲအဖက် ကောင်းဖြစ်လာတယ်။ မစ်ခီတာရီယန်၊ ချာဟာနိုဂလူးတို့က လက်ရှိအချိန်အထိ အားထားရဆဲဖြစ်သလို၊ ဘယ်တောင်ပံမှာ ထွက်ကစားတဲ့ ဒီမာကိုရဲ့ လုပ်အားနှုန်းကလည်း အားရစရာကောင်းတယ်။ ဆာဆူအိုလိုက နောက်ဆုံးပွဲမှာ ဂျူဗင်တပ်စ်ကို ဂိုး ပြတ်အနိုင်ရဲခဲ့သလို၊ အိမ်ကွင်းနောက်ဆုံး (၂)ပွဲဆက်လည်း အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဒီရာသီအဝေးကွင်း (၂)ပွဲကစားထားရာမှာ တော့ ဆာဆူအိုလိုအသင်း ပွဲတိုင်းရှုံးခဲ့တယ်။ ဒီပုံစံနဲ့တော့ အင်တာမီလန်ကို ဆာဆူအိုလိုအသင်း ယှဉ်နိုင်ဖို့ မရှိပါဘူး။ အင်တာ မီလန် အိမ်ကွင်းမှာ ဂိုးမိုးရွာပြီး နိုင်ပွဲဆက်လိမ့်မယ်။

လာဇီယို - တိုရီနို (ကြာသပတေးနံနက် ၁း၁၅ နာရီ)

ဒီနှစ်သင်းနောက်ဆုံး တွေ့ဆုံတဲ့ စီးရီးအေ (၅)ပွဲဆက် (၂)သင်းပေါင်းသွင်းဂိုးက (၂)ဂိုးနဲ့အောက်ပဲ ရှိခဲ့တယ်။ ပိုပြီးထူး ခြားတာက အဲဒီ (၅)ပွဲမှာ (၄)ပွဲက သရေပွဲတွေဖြစ်ခဲ့တာပဲ။ လက် ရှိခြေစွမ်းကို ကြည့်ရင်လည်း (၂)သင်းအကြား ကွာဟချက်ကျဉ်း မြောင်းတယ်လို့ ဆိုရမယ်။ လာဇီယိုက အသင်းကောင်းတစ်သင်း ဖြစ်ပေမဲ့ ဒီရာသီမှာ အတော်လေး ရုန်းကန်နေရတယ်။ ဒါပေမဲ့ လာဇီယို ပထမဆုံးအိမ်ကွင်းနိုင်ပွဲ စယူမယ်လို့ ယူဆရတယ်။

နာပိုလီ - အူဒီးနီးစ် (ကြာသပတေးနံနက် ၁း၁၅ နာရီ)

နာပိုလီက နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး ရုန်းကန်နေရတယ်။ တိုက်စစ်မှာ အိုဆင်မန် ဂိုးပေါက်ပျောက် ဆုံးနေပြီး ခွာရတ်စကယ်လီယာကလည်း အရင်လို အသင်းကို အကျိုးပြုနိုင်စွမ်း မတွေ့ရသေးဘူး။ အူဒီးနီးစ်ကလည်း အား နည်းချက်တွေများတဲ့ အသင်းဖြစ်ပြီး နောက်ဆုံးပွဲမှာ ဖီအိုရင် တီးနားကို ဂိုးပြတ်၊ ခြေပြတ် ရှုံးနိမ့်ခဲ့တယ်။ နေပယ်မှာ နာပိုလီ အသင်း ဂိုးပြတ်အောင်ပွဲခံဖို့များတယ်။

Most Read

Most Recent