နာမည်ကျော် MMA အဖွဲ့အစည်းဖြစ်သည့် UFC နှင့် နပန်းအဖွဲ့အစည်းဖြစ်သည့် MMA တို့ ပေါင် ၁၇ ဒသမ ၃ ဘီလျံ တန်ဖိုးရှိသည့် TKO အမည်ရ အဖွဲ့အစည်းတစ်ခုကို ပူးတွဲတည်ထောင်ခဲ့ကြောင်း သိရသည်။
UFC ပြိုင်ပွဲကို ပိုင်ဆိုင်သည့် Endeavour Group Holdings ကုမ္ပဏီက TKO ၏ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ကျန် ၄၉ ရာခိုင်နှုန်းကိုမူ WWE က ရရှိမည်ဖြစ်သည်။ အဆိုပါအကျိုးတူပူးပေါင်းမှုကို Endeavour Group Holdings ကုမ္ပဏီ၏ အမှုဆောင်ချုပ်ဖြစ်သည့် အာရီအီမန်နျူရယ်က ဦးဆောင်ပြီး ဆောင်ရွက်ခဲ့သည်။
"TKO ကို ဖန်တီးတာဟာ ကမ္ဘာလုံးဆိုင်ရာ အားကစားနဲ့ ဖျော်ဖြေမှုကို ဦးဆောင်နေတဲ့ UFC နဲ့ WWE အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အခန်းကဏ္ဍသစ် အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။ UFC နဲ့ WWE ဟာ အမိုးအောက်တစ်ခုတည်းမှာ ရှိနေပြီး ကမ္ဘာတစ်ဝန်းက စိတ်အားထက်သန်တဲ့ ပရိသတ် တစ်ဘီလျံကျော်ကို တုနှိုင်းမဲ့ အတွေ့အကြုံတွေကို ပေးသွားမှာပါ"ဟု အီမန်နျူရယ်က ပြောကြားခဲ့သည်။
UFC ဥက္ကဋ္ဌ ဖြစ်သူ ဒေနာဝှိုက်ကို အမှုဆောင်အရာရှိချုပ်အဖြစ် ရာထူးတိုးမြှင့်ခန့်ထားခဲ့ပြီး ဗင့်မက်မာဟွန်းကိုမူ TKO ၏အမှုဆောင်ဥက္ကဋ္ဌအဖြစ် ခန့်ထားခဲ့သည်။ WWE သည် လူမှုကွန်ရက်တွင် ပရိသတ်နှစ်ခြိုက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်၏ နောက်ဆုံး လေးလပတ်အတွက် ဗီဒီယိုကြည့်ရှုသူပေါင်းမှာ ၁၆ ဘီလျံရှိခဲ့ကြောင်း သိရသည်။
YouTube တွင် Follower အရေအတွက် ၉၄ သန်းနီးပါး ရှိပြီး TikTok Follower သန်း ၂၀ ထက် များစွာပိုများလျက်ရှိသည်။