၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဇူလိုင် ၇ ရက်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့်ပြည်ပသို့ ပဲမျိုးစုံ ၃၃၀၃၃ တန်ကျော် တင်ပို့မှုမှ ဒေါ်လာ ၂၆ ဒသမ ၉၇၅ သန်းရရှိခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ရရက်အထိ ပင်လယ်ရေကြောင်းမှ ၂၃၄၃၉ ဒသမ ၁၉၄ တန်တင်ပို့မှုမှ ဒေါ်လာ ၁၉ ဒသမ၁၂၄ သန်း၊နယ်စပ်မှ ၉၅၉၄ ဒသမ ၇၅၀ တန်တင်ပို့မှုမှ ဒေါ်လာ ၇ ဒသမ ၈၅၁ သန်းဖြင့် စုစုပေါင်းတန်ချိန် ၃၃၀၃၃ ဒသမ ၉၄၄ တန် တင်ပို့မှုမှဒေါ်လာ ၂၆ ဒသမ ၉၇၅ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာသန်း ၁၅၇၀ ကျော် ရရှိ ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကထက် ဒေါ်လာ ၃၇၄ သန်းကျော် ပိုမိုရရှိခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၉၆၆ ဒသမ ၄၀၇ သန်း၊ နယ်စပ်မှ ဒေါ်လာ ၆၀၄ ဒသမ ၃၀၀ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၁၅ရဝဒသမ ၇၀၇ သန်းရရှိခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချန် ၁ ဒသမ ၆ သန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန်နှစ်သောင်း သုံးထောင်ကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေဒေါ်လာသန်း ၁၉၀ နီးပါးအထိ ပိုမိုရရှိခဲ့သည်။
တစ်နှစ်အတွင်း နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့မှုမှ ဒေါ်လာ သန်း ၃၀၀ နီးပါးရရှိခဲ့ပြီး ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၈၈ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့ရာ၌ မတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၀ ဒသမ ၅၈ သန်း၊ ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၈၈ ဒသမ ၆၇ သန်း၊ ပဲစင်းငုံတင်ပို့မှုမှ ဒေါ်လာ ဝဒသမ ၂၉ သန်း၊ ကုလားပဲတင်ပို့မှုမှဒေါ်လာ ၀ ဒသမ ၃၇ သန်း၊ ပဲလွန်းတင်ပို့မှုမှ ဒေါ်လာ ၉ ဒသမ ၀၈ သန်း၊ ထောပတ်ပဲတင်ပို့မှုမှဒေါ်လာ၂၀ ဒသမ ၉၈ သန်း၊ မြေထောက်ပဲတင်ပို့မှုမှ ဒေါ်လာ ၁၄ ဒသမ ၁၉ သန်း၊အခြားပဲများ တင်ပို့မှုမှ ဒေါ်လာ ၆၄ သန်းကျော်ရရှိ ခဲ့သည်။
တစ်နှစ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုး တင်ပို့မှုမှ ဒေါ်လာသန်း ၇၇၀ ကျော်ရရှိခဲ့ ပြီး မတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၄၃၆ သန်း ကျော်နှင့် ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၂၄ သန်းကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံစသည့်ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်သည်။
ယင်းအနက် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံစိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။









