၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၅၈ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၅၈ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
Published 20 July 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၅၈ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထ သုံးလပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ကျပ်သန်း ၅၈၁၇၈ ဒသမ ၃၈၁ (ကျပ် ၅၈ ဘီလျံကျော်) ဖြင့် အများဆုံးဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ကျပ်သန်း ၃၄၅၆၇ ဒသမ ၅၀၆ ( ကျပ် ၃၄ ဘီလျံကျော်) ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ မွန်ပြည်နယ်အတွင်းသို့ ကျပ်သန်း ၁၆၄၅၀ ဒသမ ၀၀၀ (၁၆ ဘီလျံ ကျော်) ဖြင့်  တတိယအများဆုံးဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်တွင် ကျပ်သန်း ၁၅၉၈၇ ဒသမ ၆၅၇၊ မန္တလေးတိုင်းဒေသကြီးတွင် ကျပ်သန်း ၉၃၅၀ ဒသမ ၇၀၀၊မကွေးတိုင်းဒေသကြီးတွင် ကျပ်သန်း ၉၃၅၀ ဒသမ ၇၀၀၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျပ်သန်း ၁၇၈၅ ဒသမ ၈၂၅၊ ပဲခူးတိုင်းဒေသကြီးတွင် ကျပ် သန်း ၁၇၂၅ သန်း၊ ကယားပြည်နယ်တွင် ကျပ်သန်း ၆၈၀၊ ရခိုင်ပြည်နယ်တွင် ကျပ် သန်း ၂၄၀ ဖြင့် အသီးသီး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

၁၉၉၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် မတ်လ ကုန်အထိ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားများက ကျပ် ၅၂၂၄ ဘီလျံကျော် မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံသား ရင်းနှီး မြှုပ်နှံမှု၏ ၂၂ ရာခိုင်နှုန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍတွင် ကျပ် ၉၃၇,၅၉၆ ဒသမ ၂၅၃ သန်း ဖြင့် အများဆုံးနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကျပ် ၈၄,၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယအများဆုံးခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုလုပ်ငန်း ၁၇ ခုနှင့် အတည်ပြုလုပ်ငန်း ၄၄ ခု၊ စုစုပေါင်း လုပ်ငန်း ၆၁ ခုကို ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ကျပ် ၁၁၇၁၈၀၃ ဒသမ ၈၀၉ သန်း ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလုပ်ငန်း ၁၇ ခု၊အတည်ပြုလုပ်ငန်းရှစ်ခုတို့ကို ခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများက အတည်ပြုလုပ်ငန်း စုစုပေါင်း ၃၆ ခုကို ခွင့်ပြုပေးခဲ့သည်။အဆိုပါ လုပ်ငန်းများက ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် ၁၃,၆၇၀ ဦးကို ဖန်တီးပေးနိုင်ခဲ့သည်။

Most Read

Most Recent