အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI) က ရန်ကုန်-ကွာလာလမ်ပူခရီးစဉ်အား နေ့စဉ်ပျံသန်းနေပြီး လာမည့် သြဂုတ် ၁၁ရက်မှစတင်ကာ တစ်နေ့လျှင် နှစ်ကြိမ် တိုးမြှင့်ပျံသန်းသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)သည် ရန်ကုန်-ဖနွမ်းပင်ခရီးစဉ်ကိုလည်း အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းနေပြီး လက်မှတ်များကို အမေရိ ကန်ဒေါ်လာ ၁၃၂ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များအား အထူးလျှော့စျေးဖြင့် ရောင်းချမည့် ၀ါဆိုစျေးရောင်း ပွဲအစီအစဉ်စတင်ခဲ့ပြီး နိုင်ငံတကာခရီးစဉ် များကို ၅၇ ဒေါ်လာမှ စတင်၍ဝယ်ယူနိုင်မည် သတင်းရရှိသည်။
အဆိုပါ ၀ါဆိုအထူးစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ ပြည်ပခရီးစဉ်များကို ၅၇ ဒေါ်လာမှ စတင်၍လည်းကောင်း၊ ပြည်တွင်းခရီးစဉ်များကို ၁၁၈၅၀၀ မှစတင်၍လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးသွားခွင့်ကာလမှာ ဇူလိုင် ၁၆ ရက်မှ ၂၀၂၃၊ အောက်တိုဘာ ၂၈ထိ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၀ါဆိုစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းက ရန်ကုန်-ဒွန်မောင်း ခရီးစဉ်တစ်ကြောင်းစာအား ၅၇ ဒေါ်လာ၊ ရန်ကုန်-ကွာလာလမ်ပူခရီးစဉ်တစ်ကြောင်းစာအား ၈၂ ဒေါ်လာမှစတင်၍လည်းကောင်း၊ ယင်းပြင်အခြား ပြည်ပခရီးစဉ်များကိုလည်း သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းက ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ် အားတစ်ပတ်လျှင် ၁၂ ကြိမ်ပျံသန်းနေပြီး ၂၅၅ ဒေါ်လာမှ စတင်ရောင်းချနေကြောင်း သတင်းရရှိသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ MAI-uab Visa Card အား Sign Up ပြုလုပ်ပြီး Bonus Mile များ ရယူနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ ယင်းအပြင် ဘန် ကောက် အသွားအပြန်ခရီးစဉ်အတွက် အခမဲ့ လေယာဉ်လက်မှတ် တစ်စောင်အား ကံစမ်း ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်နှင့် မန္တလေးမြို့မှ ဘန်ကောက်-ဒွန်မောင်းလေဆိပ်သို့ စတင်ပျံသန်းမှုအခမ်းအနားအား ဇွန် ၁၅ ရက် ထိုင်းနိုင်ငံရှိ ဒွန်မောင်းလေဆိပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်နှစ်ခုလုံးကို ပျံသန်းဝန်ဆောင်မှုပေးသည့် ပထမဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်လာပြီး အပတ်စဉ် ထိုင်းနိုင်ငံသို့ အကြိမ် ၄၀ ပျံသန်းနေခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေ ကြောင်း (MAI) က သည် ရန်ကုန်နှင့် မန္တလေးမှ ဘန်ကောက်-ဒွန်မောင်းသို့ အပတ်စဉ် ငါးကြိမ်ပျံ သန်းမည်ဖြစ်သည်။
(MAI) လေကြောင်းလိုင်းသည် မန္တလေး-ဒွန်မောင်း ခရီးစဉ်အား တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းသွားမည်ဖြစ်ကာ ခရီးစဉ်တစ်ကြောင်း စာအား အမေရိကန်ဒေါ်လာ ၈၇ မှ စတင်ကာ ရောင်းချသွားမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်နှင့် မန္တလေးမြို့အခြေပြု၍ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများအပါအဝင် နိုင်ငံတကာခရီးစဉ် ၁၄ ခုအား ပျံသန်းလျက်ရှိကြောင်း သတင်းရရှိသည်။
(MAI) က ရန်ကုန်မြို့မှ ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်သို့လည်းကောင်း၊ မန္တလေးမြို့မှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ လည်းကောင်း၊ စင်ကာပူ၊ မလေးရှား၊ ဒေလီ၊ ဟနွွိုင်း၊ ဒူဘိုင်း၊ ကွမ် ကျိုး၊ ကိုလ်းကတ္တား၊ အင်ချွန်း၊ ဖနွမ်းပင်၊ ဟိုချီ မင်းနှင့် ချန်နိုင်းမြို့များသို့ နိုင်ငံတကာခရီးစဉ် များအဖြစ် ပျံသန်းနေခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ဘန်ကောက်နှင့် စင်ကာပူမှတစ်ဆင့် ကိုလံဘိုသို့ ပျံသန်းမည့်ခရီးစဉ်အတွက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (8M) နှင့် Srilankan Airlines (UL) တို့အကြား Codeshare Partners အစီအစဉ် စတင်ခဲ့ကြောင်း သတင်းရရှိသည်။









