၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁၁၈၈ သန်းကျော်ရှိပြီး စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၉ ရာခိုင်နှုန်းကျော်ရှိ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁၁၈၈ သန်းကျော်ရှိပြီး စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၉ ရာခိုင်နှုန်းကျော်ရှိ
Published 15 July 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလ ပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုဒေါ်လာ ၁၁၈၈ သန်းကျော်ရှိပြီး စုစုပေါင်းပို့ကုန်တင်ပို့မှု၏၂၉ ရာခိုင်နှုန်းကျော်ရှိကြောင်း စီမံကိန်း၊ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လအထိ ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်ဒေါ်လာ ၉၄၈ ဒသမ ၁၅ သန်းတင်ပို့ထားသည်။ ဇူလိုင်မှ စက်တင်ဘာအထိ ဒုတိယသုုံးလပတ်အတွင်း တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုးဒေါ်လာ ၇၉၁ ဒသမ ၅၅ သန်းတင်ပို့ထားသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန် ဒေါ်လာ ၉၀၆ ဒသမ ၁၇ သန်းတင်ပို့ထားသည်။ စတုတ္ထသုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း ဒေါ်လာ ၁၁၈၈ ဒသမ ၆၅ သန်း တင်ပို့ထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၉၀၅  ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ ဒသမ၂၆ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက် ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ဒေါ်လာ ၉၄၄ ဒသမ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ ၈၃၆ ဒသမ ၃၇ သန်း၊အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉ သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၄၂၆ ဒသမ ၂၅ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၄၁၁ ဒသမ ၇၁ သန်း၊ U.K သို့ ဒေါ်လာ ၃၈၅ ဒသမ ၄၀ သန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ ၁၈ သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၃၀၅ ဒသမ ၇၆ သန်းတင်ပို့ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ  မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ ဒသမ ၁၂၆ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၇၂၄ဘီလျံကျော် တင်သွင်းထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်း တင်သွင်းထားသည်။

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့တွင် Business Center များ အပြန်အလှန် တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်း အချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ စသည်တို့လည်း ပါဝင်သည်။

Most Read

Most Recent