ATOM နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ပူးပေါင်း၍ ဆက်သွယ်ရေးနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ မိတ်ဖက်ပူးပေါင်းမှုလုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ATOM နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ပူးပေါင်း၍ ဆက်သွယ်ရေးနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ မိတ်ဖက်ပူးပေါင်းမှုလုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
Published 13 July 2023

ATOM နှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)တို့ ပူးပေါင်း၍ ဆက်သွယ်ရေးနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ မိတ်ဖက်ပူးပေါင်းမှုလုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

ATOM နှင့် (MAI) တို့အကြား ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ယခုကဲ့သို့ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှုတွင် ATOM သည် (MAI)၏ ဦးစားပေး မိတ်ဖက်တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း ဖြစ်လာမည်ဖြစ်ပြီး MAI သည် ATOM ၏ ဦးစားပေး မိတ်ဖက်လေကြောင်းလိုင်းဖြစ်လာမည်ဖြစ်သည်။

“MAI နဲ့အတူ မဟာဗျူဟာမြောက်တဲ့ မိတ်ဖက် ပူးပေါင်းမှုတစ်ခု တည်ဆောက်ခွင့်ရတဲ့အတွက် ကျွန်တော်တို့  ATOM  အနေနဲ့ အတိုင်းထက်အလွန် ဝမ်းသာဂုဏ်ယူမိပါတယ်။ တယ်လီကွန်းကဏ္ဍအတွက် ကျွန်တော်တို့ရဲ့  ကျွမ်းကျင်မှုတွေနဲ့ MAI ရဲ့ ကျယ်ပြန့်တဲ့ ကွန်ရက်၊ ပြီးပြည့်စုံတဲ့ customer ဝန်ဆောင်မှုတွေကို ပေါင်းစပ်လိုက်တဲ့အခါမှာ customer တွေက မြောက်မြားစွာသော ဝန်ဆောင်မှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွားတွေကို ချောမွေ့တဲ့ ကွန်ရက်ချိတ်ဆက်မှုနဲ့ Beyond Better ဒီဂျစ်တယ်အတွေ့အကြုံတွေကို ပေးအပ်သွားဖို့အတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဖြေရှင်းချက်တွေနဲ့ roaming ဝန်ဆောင်မှုတွေကိုပါ ပေးအပ်သွားဖို့ကိုလည်း ရည်ရွယ်ထားပါတယ်”ဟု ATOM ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Muhammad Ziaullah Siddiqui က ပြောကြားခဲ့သည်။

ယခုကဲ့သို့ မဟာဗျူဟာမြောက် ပူးပေါင်းမှုအောက်တွင် ATOM နှင့် (MAI) ၏ customer များသည် အကျိုးခံစားခွင့်များစွာ ပါဝင်သည့် roaming ပတ်ကေ့ချ်များ၊ လေဆိပ်နားနေခန်း သီးသန့်အသုံးပြုခွင့်နှင့် ပူးတွဲ loyalty programme အစီအစဉ်များကဲ့သို့သော ဝန်ဆောင်မှုများကိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ခရီးသွားခြင်းနဲ့ စီးပွားရေးလုပ်ငန်းလည်ပတ်မှုတို့ရဲ့ အနာဂတ်ကို အကောင်းဆုံး ပုံဖော်ပေးနိုင်မယ့် ဆန်းသစ်တီထွင်ထားတဲ့ ဖြေရှင်းချက်တွေနဲ့ ဒီလိုဝန်ဆောင်မှုမျိုးတွေနဲ့ လမ်းသစ်ဖောက်ပေးခွင့်ရတဲ့အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်။ ဒီမိတ်ဖက် ပူးပေါင်းမှုကနေတစ်ဆင့် တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍနဲ့ လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွေရဲ့ အကောင်းဆုံးဆိုတဲ့ အရာတွေကို စီးပွားရေးလုပ်ငန်းအပြန်အလှန် အကျိုးရှိရှိနဲ့ နှစ်ဦးနှစ်ဖက်လုံး အသုံးချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ကဏ္ဍ အသီးသီးရဲ့ဖွံ့ ဖြိုးတိုးတက်မှုတွေကို သိသိသာသာအထောက်အကူဖြစ်စေနိုင်တဲ့ အရည်အသွေးမြင့်ဝန်ဆောင်မှုတွေကိုလည်း ကျွန်တော်တို့ လုပ်ငန်းနှစ်ခုရဲ့ customer တွေအတွက် ပေးအပ်သွားနိုင်ဖို့ရည်မှန်းထားပါတယ်”ဟု MAI ၏ စီးပွားရေးအရာရှိချုပ် Tanes Kumar က ပြောကြားခဲ့သည်။

 ATOM နှင့် (MAI) ၏ ယခုကဲ့သို့မိတ်ဖက်ပူးပေါင်းမှုမှ တစ်ဆင့်မြန်နှုန်းမြင့် ကွန်ရက်အခြေခံအဆောက်အအုံ၊ bandwidth ဝန်ဆောင်မှုများနှင့် စီးပွားရေးအရ ခရီးသွားများအတွက် အဆက်အသွယ်မပြတ်စေရန် အတွက် ကွန်ရက်ချိတ်ဆက်မှု အစရှိသော စီးပွားရေးလုပ်ငန်း customer များ၏ လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆန်းသစ်တီထွင်ထားသော လုပ်ငန်းဆိုင်ရာ ဖြေရှင်းချက်များကို customer များအား ပေးအပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်း (MAI)အနေဖြင့် AIR INDIA, ROYAL BRUNEI AIRLINES, GARUDA INDONESIA, SRILANKAN AIRLINES စသည့် နိုင်ငံတကာလေကြောင်းလိုင်း ငါးခုနှင့်  Codeshare partners အဖြစ် ပူးပေါင်းထားပြီး Interline Partners အဖြစ် နိုင်ငံတကာလေကြောင်းလိုင်း ၃၈ခု ဖြင့် ပူးပေါင်းထားသည်။

ဒါ့အပြင် MAI လေကြောင်းလိုင်း၏  Frequent flyers နှင့် ATOM ၏ loyal customers များအတွက်လည်း သီးခြား ထပ်မံ ရရှိမည့် ခံစားခွင့်များနှင့်ပတ်သက်၍လည်း MAI ၏ စီးပွားရေးအရာရှိချုပ် Tanes Kumar က ယခုကဲ့သို့ ပြောကြားခဲ့သည်။ 

Most Read

Most Recent