၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၆၉ သန်းကျော်ရရှိပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၄၆ သန်းကျော်တင်ပို့ထား

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၆၉ သန်းကျော်ရရှိပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၄၆ သန်းကျော်တင်ပို့ထား
ကော့သောင်းဆိပ်ကမ်းတွင် ဆိုက်ကမ်းထားသည့်ငါးသယ်လှေများကို တွေ့ရစဉ်
ကော့သောင်းဆိပ်ကမ်းတွင် ဆိုက်ကမ်းထားသည့်ငါးသယ်လှေများကို တွေ့ရစဉ်
Published 2 July 2023

၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၆၉ သန်းကျော်ရရှိပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၄၆ သန်းကျော်တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီနှင့်မေလအတွင်း ရေထွက်ပစ္စည်းတင်ပို့မှုအနေဖြင့်   ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၄၆ ဒသမ ၄၂၃ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ  ဒေါ်လာ၂၃ ဒသမ ၀၀၂ သန်းဖြင့် စုစုပေါင်းရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ ၆၉ ဒသမ ၄၂၅ သန်းရရှိခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ မတ်၃၁ ရက်အထိ ပြည်ပသို့ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၇၆၅ ဒသမ ၉၄၅ သန်းရရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဧပြီမှ မတ်လကုန်အထိ ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၇၈၅ ဒသမ ၀၂၁ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၉ ဒသမ ၀၇၆ သန်း လျော့ကျခဲ့သည်။

နှစ်အလိုက် ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ  ၇၃၂ ဒသမ ၁၅၆ သန်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင်ဒေါ်လာ  ၈၅၈ ဒသမ ၉၆၀ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၈၅ ဒသမ ၀၂၁ သန်း၊၂၀၂၁-၂၀၂၂ (Mini Budget) ကာလအတွင်း ဒေါ်လာ  ၄၈၁ ဒသမ ၆၅၇ သန်းရရှိခဲ့သည်။

မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး  အသားကဏ္ဍအနေဖြင့် လက်ရှိတွင် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်နိုင်ငံသို့ နယ်စပ်ကတစ်ဆင့် အဓိကတင်ပို့လျက်ရှိသည်။

ပုစွန်မွေးမြူရေးကို စီးပွားဖြစ်ဆောင်ရွက်ရာတွင် ပုစွန်သားပေါက်များအား အိမ်နီးချင်းပြည်ပနိုင်ငံမှ ဝယ်ယူတင်သွင်းနေရသည့်အတွက် မြန်မာနိုင်ငံအတွင်း၌ ပုစွန်သားပေါက်ထုတ်လုပ်နိုင်ရေးကို အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မွေးမြူရေးလုပ်ငန်း များမှတန်ချိန် ၁၁၂၁ ဒသမ ၃၅ တန်၊ အင်းလုပ်ငန်းမှ ၃၃၉ ဒသမ ၃၆ တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ ၁၂၆၀ ဒသမ ၆၉ တန်နှင့် ရေငန်ငါးဖမ်းလုပ်ငန်းမှ ၃၂၄၉ ဒသ မ ၇၀ တန်အထိ ထုတ်လုပ်ထားသည်။

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာလအထိ ခြောက်လအတွင်း မွေးမြူရေးလုပ်ငန်းများမှ တန်ချိန် ၄၉၅ ဒသမ ၄၉ တန်၊ အင်း လုပ်ငန်းမှ ၁၂၂ ဒသမ ၇၄ တန်၊ ဘုံငါးဖမ်း လုပ်ငန်းမှ ၅၁၃ ဒသမ ၄၂ တန်နှင့် ရေငန် ငါးဖမ်းလုပ်ငန်းမှ ၁၄၄၉ ဒသမ ၈၀ တန်အထိ ထုတ်လုပ်ထားခြင်းဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက မွေးမြူရေးလုပ်ငန်းများမှတန်ချိန် ၁၁၃၀ ဒသမ၃၅ တန်၊ အင်းလုပ်ငန်းမှ ၃၄၁ ဒသမ ၀၂တန်၊ ဘုံငါးဖမ်းလုပ်ငန်းမှ၁၂၅၃  ဒသမ ၇၉၅ တန်နှင့် ရေငန် ငါးဖမ်းလုပ်ငန်းမှ ၃၁၅၂  ဒသမ ၁၄ တန်ထုတ်လုပ်ထားသည်။

မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ကို လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ ရရှိနေပြီး ကျေးလက်နေပြည်သူများ၏ ၆၈ ရာခိုင်နှုန်းက ယင်းကဏ္ဍမှ ရရှိသောဝင်ငွေအပေါ် မှီခိုရလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent