၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှု ဒေါ်လာသန်း ၁၅၅၀ ကျော်ရှိခဲ့ပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာသန်း ၁၀၄၀ ကျော်တင်သွင်း

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှု ဒေါ်လာသန်း ၁၅၅၀ ကျော်ရှိခဲ့ပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာသန်း ၁၀၄၀ ကျော်တင်သွင်း
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 2 July 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုဒေါ်လာသန်း ၁၅၅၀ ကျော် ရှိခဲ့ပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ သန်း ၁၀၄၀ ကျော်တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထားသည့်နိုင်ငံ ငါးနိုင်ငံတွင် တရုတ်နိုင်ငံက ဒေါ်လာ ၁၅၃ရဒသမ ၈၉ သန်း၊ စင်ကာပူက ဒေါ်လာ၁၁၄၇ ဒသမ ၂၁သန်း၊ ထိုင်းနိုင်ငံက ဒေါ်လာ ၅၄၃ ဒသမ ၁၃ သန်း၊ မလေးရှားနိုင်ငံက ဒေါ်လာ၂၃၇ ဒသမ၁၁ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၂၂၉ ဒသမ ၉၀၈ သန်းတို့ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင် သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ် နိုင်ငံမှ ဒေါ်လာ ၄၆၄ရသန်းကျော်၊ စင်ကာပူမှ ဒေါ် လာ ၂၆၀၄သန်းကျော်နှင့် ထိုင်းနိုင်ငံမှ ဒေါ်လာသန်း ၁၉၈ဝကျော်ဖြင့် အစဉ်လိုက် ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်း ထားသည့်နိုင်ငံများတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန်တို့ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့  သွင်းကုန်အများဆုံးတင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၄၆၄ရဒသမ ၁ဝသန်း၊ စင်ကာပူမှ ဒေါ်လာ၂၆၀၄ဒသမ၂၂ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၉၈၀ ဒသမ ၈၉ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ ၁၁၆၄ ဒသမ ၅၁ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၇၈၇ ဒသမ ၃၄သန်း၊အိန္ဒိယနိုင်ငံမှ ဒေါ်လာ၃၈၆ ဒသမ၅၄သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၃၇၆ ဒသမ၈၅သန်း၊ ဗီယက်နမ်နိုင်ငံမှ ၅၈သန်း၊ ဂျပန်နိုင်ငံမှဒေါ်လာ ၃၅၂ ဒသမ ၄၆ သန်းနှင့် အမေရိကန်မှ ဒေါ်လာ၂၂၇ ဒသမ ၃၂သန်း တင်သွင်းထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံနှင့် သွင်းကုန်ဒေါ်လာ၁၄ ဘီလျံဖြင့် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံ ရရှိရန် မျှော်မှန်းထားကြောင်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များ (Citizen’s Budget) တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆ ဒသမ ၀၇၉ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဒသမ ၉၇၁ ဘီလျံအထိရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ၁၀၈ ဒသမရ၅၆ သန်း ပိုမို ရရှိခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။ သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍစသည်တို့ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent