၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လခွဲအတွင်း ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၆ သန်းနီးပါးရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၆ သန်းနီးပါးလျော့ကျ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လခွဲအတွင်း ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၆ သန်းနီးပါးရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၆ သန်းနီးပါးလျော့ကျ
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 29 June 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လခွဲအတွင်း ပြည်ပသို့သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၆ သန်းနီးပါးရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၆ သန်းနီးပါး လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃ -၂၀၂၄ဘဏ္ဍာနှစ်ဧပြီ ၁ ရက်မှ ဇွန် ၁၆ ရက်အထိ ပြည်ပသို့ သစ်တောထွက် ပစ္စည်းတင်ပို့မှုသည် ဒေါ်လာ ၁၅ ဒသမ ၆၉၂ သန်းရရှိခဲ့သည်။ ယခင်နှစ်ကာလတူတွင် သစ် တောထွက်ပစ္စည်းတင်ပို့မှုသည် ဒေါ်လာ၃၁ ဒသမ ၉၂၈ သန်းအထိရှိသည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၆ ရက်အထိ ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်သွင်းပို့မှုမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၅ ဒသမ ၉၆၆ သန်း လျော့ကျခဲ့သည်။

နှစ်အလိုက် ပြည်ပသို့ သစ်တောထွက်ပစ္စည်းတင်ပို့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၇၄ ဒသမ ၇၈၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်ဒေါ်လာ ၁၅၄ ဒသမ ၀၆၆ သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ၁၂၈ ဒသမ ၀၇၂ သန်း၊ ၂၀၂၁-၂၀၂၂ (Mini Budget) ကာလအတွင်း ဒေါ်လာ ၈၃ ဒသမ ၉၀၁ သန်း ရရှိခဲ့သည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ၈၉၇၇ ဒသမ ၀၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၉၀၆၈ ဒသမ ၉၁၄ သန်း ဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈၀၄၅ ဒသမ ၉၂၉ သန်းရရှိခဲ့သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၁,၁၃၆ ဒသမ၈၇၈ သန်း၊ သွင်းကုန် ဒေါ်လာ ၁၆,၅၇၇ ဒသမ ၉၄၈ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇,၇၁၄ ဒသမ ၈၂၆ သန်း ရရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၁,၉၉၈ ဒသမ ၅၄၅ သန်း၊ သွင်း ကုန်ဒေါ်လာ ၁၇,၂၁၁ ဒသမ ၀၆၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉,၂၀၉ ဒသမ ၆၀၇ သန်းရရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁၄,၈၈၃ ဒသမ ၁၆၀ သန်း၊ သွင်းကုန် ဒေါ်လာ ၁၈,၆၉၄ ဒသမ ၈၉၂ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃,၅၇၈ ဒသမ ၀၅၂ သန်းရရှိခဲ့သည်။

၂၀၁၈ ခုနှစ် Mini Budget တွင် ပို့ကုန်ဒေါ်လာ ၈၈၆၁ ဒသမ ၀၃၂ သန်း၊ သွင်းကုန်ဒေါ်လာ ၉၈၆၇ ဒသမ ၇၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၈၇၂၈ ဒသမ ၈၁၅ သန်းရရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန် ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။

Most Read

Most Recent