မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်တွင်းခရီးစဉ်သစ်စတင်ပျံသန်းခြင်းအဖြစ် ဗန်းမော်-လားရှိုး-ဗန်းမော် ခရီးစဉ်သစ်အား ဇွန် ၂၈ရက်မှတင်ကာ ATR 72-600 လေယာဉ်ဖြင့် စတင်ပျံသန်းမည်

မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်တွင်းခရီးစဉ်သစ်စတင်ပျံသန်းခြင်းအဖြစ် ဗန်းမော်-လားရှိုး-ဗန်းမော် ခရီးစဉ်သစ်အား ဇွန် ၂၈ရက်မှတင်ကာ ATR 72-600 လေယာဉ်ဖြင့် စတင်ပျံသန်းမည်
Published 28 June 2023

မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်တွင်းခရီးစဉ်သစ်စတင်ပျံသန်းခြင်းအဖြစ် ဗန်းမော်-လားရှိုး-ဗန်းမော် ခရီးစဉ်သစ် အား ဇွန် ၂၈ ရက်မှတင်ကာ ATR 72-600 လေယာဉ်ဖြင့် စတင်ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များတွင် စီးနင်းလိုက်ပါမည့် ခရီးသည်များအတွက် Check-in ကောင်တာကို လေယာဉ်မထွက်မီ နှစ်နာရီအလိုတွင် ဖွင့်လှစ်ပေးထားပြီး လေယာဉ်မထွက်မီ မိနစ် ၃၀ အလိုတွင် ကောင်တာပိတ်မည်ဖြစ်သည်။

ပြည်ပခရီးစဉ်များအတွက် လေယာဉ်မထွက်မီ သုံးနာရီအလိုတွင် Check-in ကောင်တာကို ဖွင့်လှစ်ပေးထားပြီး ၄၅ မိနစ်အလိုတွင် ကောင်တာပိတ်မည်ဖြစ်သည်။

၂၀၂၃ခုနှစ် ဇွန် ၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့်  ရန်ကုန်-ဘန်ကောက် UB-019 နှင့် ဘန်ကောက်-ရန်ကုန် UB-020 ခရီးစဉ်များတွင် Thai Vietjet လေယာဉ် (VZ-8701) နှင့် (VZ-8700) အသီးသီးတို့ဖြင့် အစားထိုး ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application ကို အသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ် ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ MNA Application တွင် Search flights, Book flight, Make payment, Check flight status, Manage booking, Online Check-in နှင့် E-Boarding Pass ထုတ်ယူခြင်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၁၇ ခုက လေကြောင်းခရီးစဉ် ၂၁ခုအား ပျံသန်းနေပြီး မကြာမီ နိုင်ငံတကာလေကြောင်းလိုင်းများ ထပ်မံတိုးချဲ့ ပျံသန်းသွားရန်ရှိနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

“ခုလက်ရှိမှာတော့ ပြည်ပလေကြောင်းလိုင်း ၁၇ ခုက နိုင်ငံတကာလေကြောင်း ခရီးစဉ် ၂၁ ခုကို ပျံသန်းနေတာဖြစ်ပြီး၊ ပြည်တွင်းလေကြောင်းလိုင်းအနေနဲ့ လေကြောင်းလိုင်း သုံးခုက ပြည်တွင်းခရီးစဉ်တွေကို ပျံသန်းနေတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ရန်ကုန်လေဆိပ်နဲ့ ချိတ်ဆက်ပြီး ပျံသန်းမယ့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ထပ်မံရောက်ရှိလာဦးမှာဖြစ်ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စစ်တွေမြို့ရှိ မုန်တိုင်းသင့် ပြည်သူများအတွက် ကူညီထောက်ပံ့လှူဒါန်းထားသည့် Sleeping Bag များအား မြန်မာအမျိုးသား လေကြောင်းလိုင်း၏ စင်ကာပူ-ရန်ကုန်ခရီးစဉ် တွင်အခမဲ့သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ရှိ မုန်တိုင်းသင့်  ပြည်သူများအတွက် ကူညီထောက်ပံ့လှူဒါန်းမည့် ပစ္စည်းများအား မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်တွင်းပြည်ပ ခရီးစဉ်များပေါ်တွင် အခမဲ့သယ်ယူပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်ထားပြီးဖြစ်သည်။

မုန်တိုင်းသင့်ပြည်သူများအတွက် ကူညီထောက်ပံ့လှူဒါန်းမည့် ပစ္စည်းများအား စစ်တွေမြို့သို့ ပို့ဆောင်လိုပါက kyaw.Zeya@flymna.com, Kyawmoe.tun@flymna.com, htay.lwin@flymna.com သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး လှူဒါန်းမည့် ပစ္စည်းမှန်ကန်ကြောင်း အာမခံစာပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။ လေကြောင်းလိုင်းနှင့်မသက်ဆိုင်သည့် အခွန်အခများရှိပါကပစ္စည်း ပို့ဆောင်မည့်သူမှ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ Mobile Application အား အသုံးပြုပြီး နှစ်သက်ရာ ခရီးစဉ်၏အချက်အလက်များကို ကြည့်ရှုနိုင်မည့်အပြင် လေယာဉ်လက်မှတ် ဝယ်ယူမှုနှင့် ငွေပေးချေမှုများပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ MNA Application တွင် Search flights, Book flights, Make payment, Check flight status, Manage booking, Online Check-in နှင့် E-Boarding Pass ထုတ်ယူခြင်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ရှိတွင် နိုင်ငံတကာလေကြောင်းလိုင်း ၁၇ ခုက လေကြောင်းခရီးစဉ် ၂၁ ခုအား ပျံ သန်းနေပြီး မကြာမီ နိုင်ငံတကာ လေကြောင်းလိုင်းများ ထပ်မံတိုးချဲ့ပျံသန်းသွားရန်ရှိနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

“ခုလက်ရှိမှာတော့ ပြည်ပလေကြောင်းလိုင်း ၁၇ ခုက နိုင်ငံတကာလေကြောင်း ခရီးစဉ် ၂၁ခုကို ပျံသန်းနေတာဖြစ်ပြီး၊ ပြည်တွင်းလေကြောင်းလိုင်းအနေနဲ့ လေကြောင်းလိုင်း သုံးခုက ပြည်တွင်းခရီးစဉ်တွေကို ပျံသန်းနေ တာဖြစ်ပါတယ်။ မကြာခင်မှာလည်း ရန်ကုန်လေဆိပ်နဲ့ ချိတ်ဆက်ပြီး ပျံသန်းမယ့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ထပ်မံရောက်ရှိလာဦးမှာဖြစ်ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းက  ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်ကို နေ့စဉ် တစ်ကြိမ်ပျံသန်းနေရာမှ ဧပြီ ၂၃ ရက်မှစတင်ကာ တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာနေ့များတွင် တစ်ရက်လျှင် နှစ်ကြိမ် ပျံသန်းသွားမည်ဟု သိရသည်။

Most Read

Most Recent