အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က လာမည့် ဇူလိုင်မှစတင်ကာ ဘန်ကောက်-ဒွန်မောင်း၊ ကွာလာလမ်ပူနှင့် စင်ကာပူနိုင်ငံများသို့ ပျံသန်းနေသည့် ခရီးစဉ်အကြိမ်ရေများကို တိုးမြှင့်ပျံသန်းသွားမည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က လာမည့် ဇူလိုင်မှစတင်ကာ ဘန်ကောက်-ဒွန်မောင်း၊ ကွာလာလမ်ပူနှင့် စင်ကာပူနိုင်ငံများသို့ ပျံသန်းနေသည့် ခရီးစဉ်အကြိမ်ရေများကို တိုးမြှင့်ပျံသန်းသွားမည်
Published 28 June 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က လာမည့် ဇူလိုင်မှစတင်ကာ ဘန်ကောက်-ဒွန်မောင်း၊ ကွာလာလမ်ပူနှင့် စင်ကာပူနိုင်ငံများသို့ ပျံသန်းနေသည့် ခရီးစဉ်အကြိမ်ရေများကို တိုးမြှင့် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

MAI လေကြောင်းလိုင်းသည် လာမည့် ဇူလိုင် ၁၄ရက်မှစတင်ကာ ရန်ကုန်-ဒွန်မောင်း-မန္တလေး ခရီးစဉ်အားလည်းကောင်း၊ ဇူလိုင် ၁၅ ရက်မှစတင်ကာ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား တစ်ပတ်လျှင် ၁၁ ကြိမ် သို့လည်းကောင်း၊ ရန်ကုန်-စင်ကာပူခရီးစဉ်အား ဇူလိုင် ၁၆ရက်မှ စတင်ကာ တစ်ပတ်လျှင် ၁၃ ကြိမ်သို့လည်းကောင်း အသီးသီးတိုးမြှင့် ပျံသန်းသွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း ၏ ပြည်ပခရီးစဉ်များကို ၅၇ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည့် မုတ်သုံရာသီ စျေးရောင်းပွဲ ဇွန် ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ မုတ်သုံရာသီစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းက ရန်ကုန်-ဒွန်မောင်း ခရီးစဉ်တစ်ကြောင်းစာ အား ၅၇ ဒေါ်လာ၊ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်တစ်ကြောင်းစာအား ၇၉ ဒေါ်လာမှ စတင်၍လည်းကောင်း၊ ယင်းပြင် အခြားပြည်ပခရီးစဉ်များကိုလည်း သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းက ရန်ကုန်-စင်ကာပူ အသွားအပြန်ခရီးစဉ်အား တစ်ပတ်လျှင် ၁၂ ကြိမ်ပျံသန်းနေပြီး ၂၄၉ ဒေါ်လာမှ စတင်ရောင်းချနေကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ MAI-uab Visa Card အား Sing Up ပြုလုပ်ပြီး Bonus Mile များ ရယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းပြင် ဘန်ကောက်အသွားအပြန် ခရီးစဉ်အတွက် အခမဲ့ လေယာဉ်လက်မှတ်တစ်စောင်အား ကံစမ်းရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်နှင့် မန္တလေးမြို့မှ ဘန်ကောက်-ဒွန်မောင်းလေဆိပ်သို့ စတင် ပျံသန်းမှုအခမ်းအနားအား ဇွန် ၁၅ ရက် ထိုင်းနိုင်ငံရှိ ဒွန်မောင်းလေဆိပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်နှစ်ခုလုံးကို ပျံသန်းဝန်ဆောင်မှုပေးသည့် ပထမဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်လာပြီး အပတ်စဉ် ထိုင်းနိုင်ငံသို့ အကြိမ် ၄၀ ပျံသန်းနေခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်နှင့် မန္တလေးမှ ဘန်ကောက်-ဒွန်မောင်းသို့ အပတ်စဉ် ငါးကြိမ်ပျံသန်းမည်ဖြစ်သည်။

(MAI) လေကြောင်းလိုင်းသည် မန္တလေး-ဒွန်မောင်း ခရီးစဉ်အား တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် စနေနေ့များတွင် ပျံသန်းသွားမည်ဖြစ်ကာ ခရီးစဉ်တစ်ကြောင်းစာအား အမေရိကန်ဒေါ်လာ ၈၇ မှစတင်ကာ  ရောင်းချသွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)  က ရန်ကုန်နှင့်မန္တလေးမြို့အခြေပြု၍ ကိုရီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများအပါအဝင် နိုင်ငံတကာ ခရီးစဉ်၁၄ခုအား ပျံသန်းလျက်ရှိကြောင်း သတင်းရရှိသည်။

(MAI) က ရန်ကုန်မြို့မှ ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်သို့လည်းကောင်း၊ မန္တလေးမြို့မှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့လည်းကောင်း၊ စင်ကာ ပူ၊ မလေးရှား၊ ဒေလီ၊ ဟနွွိုင်း၊ ဒူဘိုင်း၊ ကွမ်ကျိုး၊ ကိုလ်းကတ္တား၊ အင်ချွန်း၊ ဖနွမ်းပင်၊ ဟိုချီမင်းနှင့် ချန်နိုင်းမြို့များသို့ နိုင်ငံတကာခရီးစဉ်များအဖြစ် ပျံသန်းနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ဘန်ကောက်နှင့် စင်ကာပူမှ တစ်ဆင့် ကိုလံဘိုသို့ ပျံသန်းမည့် ခရီးစဉ်အတွက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (8M) နှင့် Srilankan Airlines (UL) တို့အကြား Codeshare Partners အစီအစဉ် စတင်ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI)အနေဖြင့် AIR INDIA, ROYAL BRUNEI AIRLINES, GARUDA INDONESIA, SRILANKAN AIRLINES စသည့် နိုင်ငံတကာလေကြောင်းလိုင်း ငါးခုနှင့်  Codeshare Partners အဖြစ် ပူးပေါင်းထားပြီး Interline Partners အဖြစ် နိုင်ငံတကာလေကြောင်းလိုင်း ၃၈ ခုဖြင့် ပူးပေါင်းထားသည်။

MAI လေကြောင်းလိုင်းအနေဖြင့်  ထိုင်း နိုင်ငံ ဘန်ကောက်သို့ အပတ်စဉ် တစ်ပတ်လျှင် လေကြောင်းခရီးစဉ်စုစုပေါင်း ၄၅ ကြိမ် ဖြင့် ရန်ကုန်-ဘန်ကောက် လေကြောင်းခရီးစဉ်စျေးကွက်အတွင်း MAI လေကြောင်းလိုင်း၏ ရပ်တည်မှုအနေအထားကို ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကြောင်း သိရသည်။

Most Read

Most Recent