Snowdrop ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သည့် အသက် ၂၉ နှစ်အရွယ် ဇာတ်ပို့မင်းသမီး ပက်ဆူယွန် ကွယ်လွန်

Snowdrop ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့သည့် အသက် ၂၉ နှစ်အရွယ် ဇာတ်ပို့မင်းသမီး ပက်ဆူယွန် ကွယ်လွန်
Photo: KBIZoom
Photo: KBIZoom
Published 13 June 2023

တောင်ကိုရီးယားသရုပ်ဆောင်တစ်ဦး  အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အနုပညာလောကမှ ကြွေလွင့်သွားပြီဖြစ်သည်။

ဇွန် ၁၂ ရက်တွင် OSEN သတင်းတစ်ရပ်က မင်းသမီးပက်ဆူယွန်သည် ဇွန် ၁၁ ရက်က အိမ်သို့ ပြန်ရင်း လှေကားပေါ်မှ မတော် တဆပြုတ်ကျကာ အသက်ပါသည်အထိ ဦးနှောက်ထိခိုက်မှုဖြစ်သွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

၁၉၉၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ယခုနှစ်တွင် အသက် ၂၉ နှစ် ရှိပြီဖြစ်သည့် ပက်ဆူယွန် သည် ၂၀၁၈ ခုနှစ်တွင် အနုပညာလမ်းကြောင်း  ပေါ် စတင်ရောက်ရှိခဲ့ပြီး ပြဇာတ်များတွင်လည်း ပါဝင်ခဲ့သည်။

၎င်းကို ပရိသတ်က JTBC မှထုတ်လွှင့်သည့်  Snowdrop ဇာတ်လမ်းတွဲတွင် ဇာတ်ပို့မင်းသမီးအဖြစ် သတိထားမိခဲ့သည်။ထိုဇာတ် လမ်းတွဲတွင် အဓိကဇာတ်ဆောင်များက မင်းသားဂျောင်ဟယ်အင်းနှင့် Blackpink အဖွဲ့ဝင်ဂျီဆူးတို့ ဖြစ်သည်။ ပက်ဆူယွန်အတွက်မူ ပထမဆုံးဇာတ်လမ်းတွဲ ရိုက်ကူးမှုဖြစ်သည်။

ထိုစဉ်က ဂျောင်ဟယ်အင်းနှင့်အတူ ရိုက်ကူးထားသည့်ဓာတ်ပုံကို ၎င်းကဆိုရှယ်မီဒီယာတွင် တင်ကာ နောက်ထပ်တွဲဖက်သရုပ် ဆောင်ခွင့်ရရန် မျှော်လင့်ကြောင်း ရေးသားခဲ့သည်။

ထို့ပြင် ၎င်းဘဝ၏ ပထမဆုံးဒရာမာဟူသည့်စာနှင့်အတူ Snowdrop ရိုက်ကွင်းတွင်  ရိုက်ထားသည့် အုပ်စုလိုက်ဓာတ်ပုံကိုလည်း ပက်ဆူယွန်က တင်ခဲ့သည်။

၎င်းအတွက် စျာပနခန်းမအဖြစ် ဂျောင်ဂီဆးရုံတွင် ဇွန် ၁၂ ရက်၊ ညနေ ၄ နာရီမှ  ဇွွန် ၁၃ ရက်၊ မနက် ၁၀ နာရီ မိနစ် ၃၀ အထိ ပြင် ဆင်ပေးထားပြီး မိသားစုက ပက်ဆူယွန်၏ ကိုယ်တွင်းအင်္ဂါများကို လှုူဒါန်းရန် ဆုံးဖြတ်ထားသည်။

Most Read

Most Recent