၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လကျော်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်ကဏ္ဍမှ ဒေါ်လာသန်း ၆၀၀ ကျော် လျော့ကျသဖြင့် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၈ သန်းလျော့ကျ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လကျော်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်ကဏ္ဍမှ ဒေါ်လာသန်း ၆၀၀ ကျော် လျော့ကျသဖြင့် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၈ သန်းလျော့ကျ
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 10 June 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်လကျော်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်ကဏ္ဍမှ ဒေါ်လာသန်း ၆၀၀ ကျော် လျော့ကျခဲ့သဖြင့် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏဒေါ်လာ ၆၈ သန်းလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဇွန် ၂ ရက်အထိ ပို့ကုန်တန်ဖိုး ဒေါ်လာ၂၁၃၄ ဒသမ ၂၀၅ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၃၃၄၄ ဒသမ ၉၆၇ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၄၇၉ ဒသမ ၁၇၂ သန်းရရှိသည်။

ယခင်နှစ်ကာလတူက ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၅၄၇ ဒသမ ၅၈၈ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်အတွင်း မှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၈ ဒသမ ၄၁၆ သန်းလျော့ကျခဲ့သည်။

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၆၀၂ ဒသမ ၄၂၈ သန်းလျော့ကျခဲ့သော်လည်း သွင်းကုန်ကဏ္ဍတွင်မူ ဒေါ်လာ၅၃၄ ဒသမ ၀၁၂ ပိုမို တင်သွင်းထားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံရရှိရန် ရည်မှန်းခဲ့သော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌  လျာထားချက်ထက် ဒေါ်လာ ၄ ဒသမ ၄၂၅ သန်းကျော် ပိုမိုရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ်လကုန်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃ ဒသမ ၉၂၅ ဘီ လျံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၃၀ ဒသမ ၃၅၁ ဘီလျံရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၅၇၃ ဘီ လျံကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ဒေါ်လာ ၁၆ ဒသမ ၅၇၅ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၀၈၄ဘီလျံ ပိုမိုတင်ပို့ခဲ့သည်။

ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့်သွင်းကုန် ဒေါ်လာ ၁၇ ဒသမ ၃၄၉ ဘီလျံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ ၂ ဒသမ ၄၈၉ ဘီလျံ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အ ခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။

ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှု သတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်းသိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံကျော်သာ ရရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၇ ဒသမ ၁၄၆ ဘီလျံကျော် ကုန်သွယ်မှုလျော့ကျခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၄၉၂၇ ဒသမ ၀၆၅ သန်း(၁၄ ဒသမ ၉၂၇ ဘီလျံ)၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၁၄၆၅၈ ဒသမ ၀၈၄ သန်း (၁၄ ဒသမ ၆၅၈ ဘီလျံ) ဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၅၈၅ ဒသမ ၁၄၉ သန်း (၂၉ ဒသမ ၅၈၅ ဘီလျံ) ရရှိခဲ့သည်။

Most Read

Most Recent