၂၀၂၃ ခုနှစ် ဇွန် ၉ ရက်အထိ ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၂၁ စင်း ဝင်ရောက်ပြီး ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်ခဲ့

၂၀၂၃ ခုနှစ် ဇွန် ၉ ရက်အထိ ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၂၁ စင်း ဝင်ရောက်ပြီး ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်ခဲ့
Published 9 June 2023

၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့ထိ ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော၂၁ စင်းဝင်ရောက်ပြီး ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်၂၀၂၃ခုနှစ် ငါးလတာအတွင်း  ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘော လိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၂၆၄ စီး ဝင်ရောက်ခဲ့ပြီး ကုန်တင်ကုန်ချလုပ်ငန်းများလုပ်ဆောင်ခဲ့ကုန်တင် ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ အတွင်း ကုန်သေတ္တာ တင်သင်္ဘောအစီးရေ ၅၀ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း  ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၆၅၅ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီတွင် သင်္ဘော ၅၂ စင်း၊ ဖေဖော်ဝါရီတွင်  ၅၁ စင်းဝင်ရောက်၍ ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်းများတွင်၂၀၂၂ နိုဝင်ဘာလအတွင်း ကုန်သေတ္တာတင်သင်္ဘော ၅၁ စင်း၊ ဒီဇင်ဘာတွင် သင်္ဘော  ၅၄ စင်း ဝင်ရောက်၍ ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ကုန်သေတ္တာတင်  သင်္ဘောစီးရေ ၅၀၊ စက်တင်ဘာတွင်သင်္ဘော ၅၅ စင်း၊ သြဂုတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၅ စင်း၊ ဇူလိုင်လတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံ တကာသင်္ဘောလိုင်း ၁၅ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်းဝင်ရောက်၍ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌  ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း၊ မတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၀ စင်း၊ ဧပြီလတွင် သင်္ဘောလိုင်း ၁၄ခု၏ ကုန်သေတ္တာတင် သင်္ဘော ၅၂ စင်း၊ မေလတွင် နိုင်ငံတကာ သင်္ဘောလိုင်း ၁၂ခု၏ ကုန်သေတ္တာတင်သင်္ဘော ၅၄ စင်း၊ ဇွန်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၂၁ခုနှစ် မေလမှစတင်ကာ နိုင်ငံတကာ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမို ဝင်ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေ ကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့သည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ၂၀၂၁ ခုနှစ်မှ စတင်ကာ Maersk Line Myanmar (Sealand Maersk) သင်္ဘောလိုင်းက ကုန်သေတ္တာတင်သင်္ဘောသစ်သုံးစင်း  စတင်ပြေးဆွဲခဲ့သည်။

ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း (KMIT) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ် မကြာမီဖွင့်လှစ်ပြီး တန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း  ရခိိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

Most Read

Most Recent