၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇ သန်းကျော်ရှိပြီး တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု ဒေါ်လာနှစ်သန်းကျော် ပါဝင်

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇ သန်းကျော်ရှိပြီး တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု ဒေါ်လာနှစ်သန်းကျော် ပါဝင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 3 June 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ တစ် လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇ သန်းကျော်ရှိပြီး တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ နှစ်သန်းကျော် ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ဧပြီလအတွင်း တရုတ်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ၂ ဒသမ ၁၈၈ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် တစ်သန်း၊ စင်ကာပူက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၅၅၀ သန်းဖြင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇၃၈ သန်းရှိသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဧပြီမှ မတ်လကုန်အထိ တစ်နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၁၅၈ ဒသမ ၇၄၄ သန်း၊ Belize က ဒေါ်လာ ၁ ဒသမ  ၅ သန်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ တစ်သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုး ၁၆၁ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ၄ ဒသမ ၄၁၄ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၆၉ ဒသမ ၅၆၈ သန်း၊ အိန္ဒိယက ရင်းနှီးမြှုပ်နှံမှုတိုး မြှင့်ခြင်း အပါ အဝင်ဒေါ်လာ ၁ ဒသမ ၅၄၅ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ၂၁ ဒသမ ၄၇၆သန်း၊ R.O.K  က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၅၃ ဒသမ ၁၄၉ သန်း၊ Samoa  က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ၂ ဒသမ ၃၈၉ သန်း၊  Seychelles က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၈ သန်း၊ ဆွစ်ဇာလန်နိုင်ငံက ရင်းနှီးမြှုပ်နှံ မှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၆၇၇ သန်း၊ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ခြင်း အပါအဝင် ဒေါ်လာ ၉၈ ဒသမ ၃၅၀ သန်း၊ U.K က ဒေါ်လာ ၂ ဒသမ ၀၅၆ သန်း၊ ဗီယက်နမ်က ဒေါ်လာ ၀ ဒသမ ၃၀၀ သန်းဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၆၄၀ ဒသမ၆၆၇ သန်း ဝင်ရောက်မြှုပ်နှံထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်း နိုင်ငံအလိုက် ဝင် ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ် နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ပြင်သစ်က ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၅၃၀ သန်း၊ မလေးရှားက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင်  ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၆၂ ဒသမ ၆၉၃ သန်း၊ Samoa က ရင်းနှီးမြှုပ်နှံ မှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာနှစ်သန်း၊ Seychelles က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ခုနစ်သန်း၊ နယ်သာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ လေးသန်း စသည်ဖြင့် အသီးသီးဝင်ရောက် မြှုပ်နှံထားသည်။

Most Read

Most Recent