ပြင်သစ်တွင် ကျင်းပသည့် ကိန်းနိုင်ငံ တကာရုပ်ရှင်ပွဲတော်သို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရသည့် ခံစားချက်ကို ဆောင်းဂျွန်ကီက ဖော်ထုတ်ပြောဆိုထားသည်။
၎င်းပါဝင်သည့် Hopeless ဇာတ်ကား က ၇၆ ကြိမ်မြောက်ကိန်းပွဲတော်တွင် ယှဉ်ပြိုင်ရန်ရွေးချယ်ခံခဲ့ရပြီး ယင်းဇာတ်ကားနှင့်ပတ်သက်၍ အင်တာဗျူးဖြေဆိုမှုတွင် ဆောင်းဂျွန်ကီက “အနာဂါတ်မှာ ပျော်စရာတွေအများကြီး ရှိလာတော့မှာပါ။အမှန်အတိုင်းပြောရရင် ကိန်းပွဲတော်ကိုတက်ရတဲ့အတွက် အရမ်းစိတ် လှုပ်ရှားရပါတယ်။ ဒါပေမယ့် အခုလက်ရှိကျွန်တော်အာရုံစိုက်နေတဲ့အရာက ရင်သွေးလေး မွေးလာဖို့ကိစ္စပါ။ ကိန်းပွဲတော်က မြန်မြန်ပြီးမှာပါ။ ပြီးရင် ဇနီးဆီကိုသွားရမယ်”ဟု ဖြေခဲ့သည်။
ဆောင်းဂျွန်ကီက ၎င်းလက်ထပ်လိုက်သည့်သတင်းနှင့် ဇနီး(ဗြိတိန်ရုပ်ရှင်မင်းသမီးဟောင်း ကေတီလူဝီဆန်းဒါးစ်)ကိုယ်ဝန်ရှိနေသည့်သတင်းကို ဇန်နဝါရီတွင် ကြေညာခဲ့သည်။ ယခုကိန်းပွဲတော်တက်ရောက်မှုက ၎င်းအတွက် ပထမဆုံးဖြစ်သည်။
Hopelessကို ဒါရိုက်တာ Kim Chang Hoon ကရိုက်ကူးပြီး ဇာတ်လမ်းက ဆင်းရဲမှုမှရုန်းထွက်ချင်သူ Yeon Gyu နှင့် လူဆိုးဂိုဏ်းတစ်ခုမှ အရာရောက်သူ Chi Geon နှင့်ဆုံပြီး ဒုစရိုက်လောကကို ၎င်းရောက်သွားသည့်အကြောင်း ဖြစ်သည်။ ဆောင်းဂျွန်ကီက Chi Goen နေရာမှဖြစ်ပြီး မျက်နှာသစ်မင်းသား ဟုန်ဆာဘင်က Yeon Gyu ဇာတ်ကောင်ကို သရုပ်ဆောင်ထားသည်။
ဆောင်းဂျွန်ကီသည် ကေတီနှင့်ပတ်သက်သည့် ကောလာဟလများကို ဒေါသဖြစ်ခဲ့ပြီး သတင်းအများစုက အမှန်မဟုတ်ဟုထုတ် ပြောခဲ့ဖူးသည်။ကေတီ့ကို single mother၊ ၁၀ နှစ်အရွယ်သမီးလေးတစ်ဦးရှိသည်ဟု အွန်လိုင်းတွင် သတင်းဖြန့်သူများရှိသည်။