အမ်မီနမ်၏သီချင်းများကို လိုက်ဆိုခဲ့ပြီး ငယ်စဉ်က စကားထစ်မှု ပျောက်သွားသည်ဟု အက်ရှီရန်ဖွင့်ဟ

အမ်မီနမ်၏သီချင်းများကို လိုက်ဆိုခဲ့ပြီး ငယ်စဉ်က စကားထစ်မှု ပျောက်သွားသည်ဟု အက်ရှီရန်ဖွင့်ဟ
Photo - NME
Photo - NME
Published 17 May 2023

အမေရိကန်ရက်ပ်အဆိုတော် အမ်မီနမ် ၂၀၀၀ ခုနှစ်ကထွက်ခဲ့သည့် “The Marshall Mather LP “ တေးအယ်လ်ဘမ်မှ သီချင်း များကို လိုက်ဆိုလေ့ကျင့်ခဲ့ပြီး စကားထစ်ခြင်း ပျောက်သွားသည်ဟု အက်ရှီရန်က ဖွင့်ဟပြော ဆိုထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက The Howard Stern Show အစီအစဉ်တွင်ပါဝင်ရင်း အက်ရှီရန်က ထိုအကြောင်းကို ပြောပြလိုက်ခြင်းဖြစ်သည်။ အက်ရှီရန် အသက်ကိုးနှစ်အရွယ်တွင် ဦးလေးဖြစ်သူက အမ်မီနမ်၏တေးအယ်လ်ဘမ်ကို လက်ဆောင်ပေးခဲ့ပြီး သီချင်းများကို လိုက်ဆိုကြည့်ရာမှ စကားထစ်မှုနည်းသွားသည်ကို အက်ရှီရန်သိလိုက်ရသည်။

အမ်မီနမ်က ထူးခြားပြီးတစ်ကိုယ်တည်း နေတတ်သူဖြစ်ကြောင်း၊ လူများနှင့်လည်း တွေ့လေ့မရှိကြောင်း ၊ အမ်မီနမ်နှင့်ခင်လာသည်မှာ ခြောက်နှစ်ရှိပြီဖြစ်ပြီး သီချင်းသုံးပုဒ်တွဲထွက်ထားကြောင်း၊ စင်ပေါ်တွင်မူ နှစ်ကြိမ်တွဲဖျော်ဖြေဖူးကြောင်း အက်ရှီရန်ကပြောသည်။ အက်ရှီရန်သည် မကြာမီက သီချင်းမူ ပိုင်ခွင့်အမှုတစ်ခု အနိုင်ရထားသည်။

Most Read

Most Recent