The Glory ဇာတ်လမ်းတွဲတွင် ရန်ဘက်အဖြစ်မြင်ခဲ့ရသော်လည်း ပြင်ပလောကတွင် ချစ်သူဖြစ်နေကြသည့် မင်းသမီးလင်ဂျီယွန်းနှင့် လီဒိုဟွန်းတို့စုံတွဲ ဖက်ထုပ်ဖြင့်နာမည်ကြီးသည့် စားသောက်ဆိုင်တစ်ဆိုင်သို့ အတူသွားစားခဲ့ကြသည်ဟု မေ ၂ ရက်တွင် သတင်းများ တက်လာခဲ့သည်။
ဆိုင်က Gangneung ကမ်းခြေမြို့လေးတွင်တည်ရှိပြီး ဆိုင်ရှင်က ၎င်းတို့နှစ်ဦးကို အမှတ်တရလက်မှတ်လည်း ထိုးခိုင်းခဲ့သည်။ ထို့ပြင်ဆိုင်ပိုင်ရှင်က လင်ဂျီယွန်းတို့စုံတွဲ ၎င်း၏ဆိုင်ကို လာစားသွားကြောင်း၊ အလွန်လိုက် ဖက်သည့်စုံတွဲဖြစ်ပြီး လီဒိုဟွန်း၏အသံက ဆွဲဆောင်မှုရှိကာ လင်ဂျီယွန်း၏မျက်လုံးကလည်း အတော်ပင်လှကြောင်း၊ သို့သော်ဖက်ထုပ်က ကုန်သွားသဖြင့် ၎င်းတို့မစားလိုက်ရကြောင်း၊ နောက်တစ်ကြိမ်လာစားပါက အရသာရှိရှိ ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။လင်ဂျီယွန်းသည် ဘက်ခ်ဆန်းဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ပို့မင်းသမီးဆုကို The Glory မှ ဗီလိန်ဇာတ်ရုပ်ဖြင့် ဆွတ်ခူး ထားသည်။