ရီဟားနားက The Smurfs ရုပ်ရှင်တွင် Smurfette ဇာတ်ကောင်နေရာမှ နောက်ခံအသံသရုပ်ဆောင်မည်ဟုဆို

ရီဟားနားက The Smurfs ရုပ်ရှင်တွင် Smurfette ဇာတ်ကောင်နေရာမှ နောက်ခံအသံသရုပ်ဆောင်မည်ဟုဆို
Photo - Instagram
Photo - Instagram
Published 30 April 2023

ရီဟားနားက The Smurfs ရုပ်ရှင်တွင် Smurfette ဇာတ်ကောင်နေရာမှ နောက်ခံ အသံသရုပ်ဆောင်သွားမည်ဟု သိရသည်။

A$ AP Rocky ၏ ဒုတိယမြောက်ကိုယ်ဝန်လွယ်ထားရသည့် ရီဟားနားက ဧပြီ ၂၇ ရက်တွင် လက်စ်ဗေးဂတ်စ်၌ Paramount Pictures ၏ CinemaCon တင်ဆက်မှုအတွင်း အံ့သြဖွယ်လာရောက်ခဲ့ပြီး၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထွက်ရှိလာမည့် ဟာသဂီတစွန့်စားမှုရုပ်ရှင်တွင် Smurfette ဇာတ်ကောင်နေရာမှ နောက်ခံစကားပြောမည်ဟု ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ခရစ်မေလာနှင့် မက်လန်ဒန်တို့ရိုက်ကူးမည့် ယင်းရုပ်ရှင်ကို ရီဟားနားက ထုတ်လုပ်သူအဖြစ် ပါဝင်သွားမည်ဖြစ်သည့်အပြင် မူရင်းသီချင်းများကိုလည်း စီစဉ်ပေးသွားမည် ဖြစ်သည်။

၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့သည့် The Smurfs နှင့် ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့သည့် နောက်ဆက်တွဲ The Smurfs 2 တွင် ကေတီပယ်ရီက Smurfette ဇာတ်ကောင်၏နောက်ခံအသံကို ပြောကြားခဲ့ပြီး ၂၀၁၇ ခုနှစ်ကထွက် ရှိခဲ့သည့် Smurfs: The Lost Village တွင်မူ ယင်းဇာတ်ကောင်အတွက် နောက်ခံအသံကို အဆိုတော် ဒီမီလိုဗာတိုက သရုပ်ဆောင်ခဲ့သည်။

Most Read

Most Recent